
(နိုင်ငံတကာ)မတ် ၁၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံရေးနှင့် အကြမ်းဖက်မှုဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Joe Kent သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအပေါ် သဘောထားကွဲလွဲမှုများကြောင့် ရာထူးမှ နုတ်ထွက်သွားကြောင်း ယနေ့တွင် အတည် ပြုလိုက်သည်။
Joe Kent ၏ ပြောကြားချက်အရ အမေရိကန်အစိုးရသည် အီရန်နိုင်ငံအပေါ် စစ်မီးစတင်မွှေခဲ့ခြင်းမှာ ခိုင်လုံသော အထောက်အထားမရှိဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲလိုက်သည်။ အမေရိကန်အမျိုး သားလုံခြုံရေးကို အီရန်က ချက် ချင်းတိုက်ခိုက်တော့မည်ဆိုသည့် ထောက်လှမ်းရေးသတင်းများမှာ မှား ယွင်းနေကြောင်း ၎င်းက ထောက်ပြခဲ့သည်။
မလိုအပ်ဘဲ အရှေ့အလယ်ပိုင်းတွင် စစ်မျက်နှာအသစ်ဖွင့်ခြင်းသည် အမေရိကန်စစ်သည်များ၏ အသက်ကို အန္တရာယ်ဖြစ်စေရုံသာမက နိုင်ငံတော်အကျိုးစီးပွားကိုလည်း မဖြစ်ထွန်းစေကြောင်း ၎င်းက နုတ်ထွက်စာတွင် ဖော်ပြထားသည်။
Joe Kent သည် ယခင်ကတည်းက သမ္မတထရန့်အား အကြမ်းဖက်မှုနှင့် နိုင်ငံတကာခြိမ်းခြောက်မှုများအပေါ် တိုက်ရိုက်အကြံပေးခဲ့သူတစ်ဦးဖြစ်ပြီး၊ အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းတွင် သြဇာရှိသူတစ်ဦးဖြစ်သည်။ ၎င်း၏ နုတ်ထွက်မှုသည် အိမ်ဖြူတော်အတွင်း အီရန်စစ်ပွဲနှင့် ပတ်သက်၍ အယူအဆကွဲလွဲမှုများ (Internal Division) ပြင်းထန်နေကြောင်း ပြသနေသည်။ ဤနုတ်ထွက်မှုသည် ထရန့်အစိုးရ၏ အရှေ့အလယ်ပိုင်း မဟာဗျူဟာအပေါ် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။
သမ္မတထရန့်က Joe Kent ရဲ့ နုတ်ထွက်မှုကို “ကောင်းတဲ့အချက်” လို့ တုံ့ပြန်ခဲ့ပြီး “သူ့ကို လုံခြုံရေးပိုင်းမှာ အရမ်းအားနည်းတယ်လို့ ကျွန်တော် အမြဲထင်ခဲ့တာ” ဟု သမ္မတက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ အီရန်ဟာ ခြိမ်းခြောက်မှုမဟုတ်ဘူးလို့ ယူဆတဲ့သူတွေကို ၎င်းရဲ့ အစိုးရအဖွဲ့ထဲမှာ မထားလိုကြောင်းနဲ့ ထိုသို့ယူဆသူတွေကို “ဉာဏ်မမီသူများ” လို့လည်း သမုတ်ခဲ့ပါတယ်။ “အီရန်ဟာ ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီးပါ၊ နိုင်ငံတိုင်းက ဒါကို သိပါတယ်” လို့လည်း ထရန့်က အခိုင်အမာ ပြောဆိုခဲ့သည်။
#PositiveAngle #JoeKentResigns #USIranWar2026 #NationalSecurity #NCTC #BreakingNews #ConflictUpdate
Telegram»…
https://t.me/positiveanglenews
#PAN