ဘေရွတ်မြို့လယ်တွင် အစ္စရေး၏ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုဖြစ်ပွား

(နိုင်ငံတကာ)မတ် ၁၈

     ယနေ့နံနက်ပိုင်းတွင် အစ္စရေးလေတပ်သည် ဘေရွတ်မြို့၏ လူစည်ကားရာ မြို့လယ်ခေါင်ရှိ လူနေအဆောက်အအုံတစ်ခုကို ပစ်မှတ်ထားကာ လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အထပ်မြင့်လူနေအဆောက်အအုံတစ်ခုလုံး မြေပြင်နှင့်တစ်သားတည်းဖြစ်အောင် ပြိုကျပျက်စီးသွားခဲ့သည့် ဗီဒီယိုမှတ်တမ်းများ ထွက်ပေါ်လာခဲ့သည်။

     အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဤတိုက် ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏ အဆိုအရ အဆိုပါအဆောက်အအုံသည် ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့၏ အဆင့်မြင့်စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးဗဟိုဌာန သို့မဟုတ် ခေါင်းဆောင်ပိုင်းခိုအောင်းရာနေရာဖြစ်သည်ဟု စွပ်စွဲထားသည်။

     တိုက်ခိုက်မှုမပြုမီ မိနစ်အနည်းငယ်အလိုတွင် အဆောက်အအုံအတွင်းရှိ လူများအား ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် သတိပေးချက် (Evacuation Warning) ထုတ်ပြန်ခဲ့သည်ဟု ဆိုသော်လည်း မြို့လယ်ခေါင်ဖြစ်၍ လူအများအပြား ထိခိုက်မှုရှိနိုင်သည်ဟု ယူဆရသည်။

     လူနေတိုက်ခန်းများပါဝင်သော အဆောက်အအုံတစ်ခုလုံး ပျက်စီးသွားပြီး ဘေးပတ်ဝန်းကျင်ရှိ အဆောက်အအုံများနှင့် ကားများပါ ထိခိုက်ခဲ့သည်။ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာန၏ ကနဦးထုတ်ပြန်ချက်အရ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ အရေ အတွက်ကို လက်ရှိတွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများကြားမှ ရှာဖွေနေဆဲဖြစ်သဖြင့် တိကျသောကိန်း ဂဏန်း မထွက်ပေါ်သေးကြောင်း သိရသည်။

     ပုံမှန်အားဖြင့် အစ္စရေးသည် ဘေရွတ်တောင်ဘက်ပိုင်း (Dahiyeh) ရှိ ဟစ်ဇ်ဘိုလာခြေကုပ်စခန်းများကိုသာ တိုက်ခိုက်လေ့ရှိသော်လည်း၊ ယခုကဲ့သို့ မြို့လယ်ခေါင် (Downtown) အထိ တိုက်ခိုက်လာခြင်းမှာ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း ဟစ်ဇ်ဘိုလာ၏ အဓိကခေါင်းဆောင်ပိုင်းကို အမြစ်ပြတ်ချေမှုန်းလိုသည့် သဘောဖြစ်သည်။

#PositiveAngle #BreakingNews #BeirutAttack2026 #IsraelVsLebanon #IDFStrike #MiddleEastConflict #WarUpdate

Telegram»…
https://t.me/positiveanglenews

#PAN