
(ပြည်တွင်း) မတ် ၁၆
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များသည် မတ်လ ၁၄ ရက်နေ့က တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၆၉ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
မတ်လ ၁၄ ရက် (စနေနေ့) ညနေ ၄ နာရီခန့်တွင် လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းပေးချက်အရ မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာ၏ အရှေ့တောင်ဘက်ရှိ နေအိမ်များနှင့် အဆောက်အအုံများအား ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ ရှာဖွေရာတွင် မဲထော်သလေးကျေးရွာ အရှေ့တောင်ဘက် ၂,၅၀၀ မီတာအကွာရှိ အဆောက်အအုံများအတွင်းမှ တရုတ်နိုင်ငံ သား ၄၃ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁ ဦးနှင့် ထိုင်းနိုင်ငံသား ၁ ဦး ကိုလည်းကောင်း၊ ကျေးရွာ၏ အရှေ့ တောင်ဘက် ၂,၈၀၀ မီတာအကွာရှိ နေရာများမှ တရုတ်နိုင်ငံသား ၂၇ ဦး ကိုလည်းကောင်း၊ အခြားနေရာများမှ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ သားများ အပါအဝင် ကျန်ရှိသူများကို လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများမှာ တရုတ်နိုင်ငံသား – ၆၅ ဦး၊ဗီယက်နမ်နိုင်ငံသား – ၂ ဦး၊ မလေးရှားနိုင်ငံသား – ၁ ဦး၊ရုရှားနိုင်ငံသား – ၁ ဦး၊ လာအိုနိုင်ငံသား – ၁ ဦးတို့ဖြစ် ကြောင်း သိရှိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူများအား မြဝတီမြို့၌ ထိန်းသိမ်းထားရှိပြီး၊ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို စိစစ်မှတ်တမ်းတင်လျက်ရှိသည်။ ၎င်းတို့သည် မြန်မာနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေးဥပဒေ (၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှု ကြီးကြပ်ရေး (အရေးပေါ်ပြဌာန်းချက်) အက်ဥပဒေ ပုဒ်မ ၃(၁)/၁၃(၁)) ကို ချိုးဖောက်ထားသူများ ဖြစ်သဖြင့် ဥပဒေအရ အရေးယူကာ နေရပ်နိုင်ငံများသို့ ထိုင်းနိုင်ငံမှတစ်ဆင့် စနစ်တကျ ပြန်လည်လွှဲပြောင်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာအသိုင်း အဝိုင်းကို ဘေးဥပဒ်ဖြစ်စေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (Online Scams) နှင့် လောင်းကစားလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ် မှတ်ကာ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းနှိမ်နင်းလျက်ရှိသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်မှ ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်နေ့အထိ မြဝတီဒေသအတွင်း တရားမဝင်ဝင်ရောက်သူ ၁၄,၃၉၃ ဦး အား ဖမ်းဆီးရမိခဲ့ပြီး၊ ထိုအထဲမှ ၁၃,၃၃၅ ဦး ကို နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
#PositiveAngle #Myawaddy #IllegalEntry #BorderSecurity #ScamCrackdown #BreakingNews #Myanmar2026
Telegram»…
https://t.me/positiveanglenews
#PAN