(ပြည်တွင်း) မတ် ၁၅
တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဒီနေ့မနက်ပိုင်းမှာ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမမှာကျင်းပပြုလုပ်ခဲ့ပါတယ်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့အစီအစဉ် အစီအစဉ်တွေအရ သဘာပတိတင်မြှောက်တာတွေ၊ သဘာပတိနေရာယူတာတွေ၊ သဘာပတိ ကတိသစ္စာပြုတာတွေ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးတာတွေဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် သဘာပတိရွေးချယ်တင်မြှောက်ရေးအစီအစဉ်တွေအရ ဒဂုံမဲဆန္ဒနယ်က ဦးနန္ဒကျော်စွာကိုရွေးချယ်တင်မြှောက်ကြပြီး သဘာပတိက နှုတ်ခွန်းဆက်စကားပြောကြားပါတယ်။

ဆက်လက်ပြီး ပြည်သူ့လွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနဲ့ စတင်ကျင်းပကြောင်း ကြေညာပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးကြပါတယ်။
အစီအစဉ်တွေအရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌရွေးချယ်ရေးနည်းလမ်းတွေအတိုင်းရွေးကောက်တင်မြှောက်ကြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဇေယျာသီရိမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌအဖြစ် လက်ရှိပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းတို့ကို ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတို့က သဘာပတိရှေ့မှောက်မှာ ကတိသစ္စာပြုတာတွေ ကတိသစ္စာပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးတာတွေ ပြည်သူ့လွှတ်တော် သဘာပတိက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တာဝန်လွှဲအပ်တာတွေပြုလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။
ဒီနေ့ကျင်းပတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ ရပ်နားကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကကြေညာခဲ့ပါတယ်။
#PAN