တီဟီရန် မြို့တော်အလယ်တွင် ရုပ်သံအင်တာဗျူး ဖြေကြားနေစဉ် တရားသူကြီးချုပ် တိုက်ခိုက်ခံရ

(နိုင်ငံတကာ)မတ် ၁၄

     ယမန်နေ့ ဒေသစံတော်ချိန် မွန်လွဲပိုင်းတွင် အီရန်နိုင်ငံရဲ့ အထိမ်းအမှတ်နေ့ဖြစ်တဲ့ Quds Day ချီတက်ပွဲအတွင်း အီရန်တရားသူကြီးချုပ် Mohseni Ejei က ရုပ်သံအင်တာဗျူးတစ်ခု ဖြေကြားနေစဉ်မှာ သူရှိရာနေရာနဲ့ မလှမ်းမကမ်းမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ဖြစ် သည်။ အဆိုပါဖြစ်စဉ်ကို အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းတွေမှာ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တာဖြစ်သည်။

     ဒါဟာ နိုင်ငံတစ်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်ပိုင်းကို မြို့တော်အလယ်မှာတင် ပစ်မှတ်ထား လုပ်ကြံခြင်း (Targeted Assassination) ဖြစ်သည်။ သတင်းရင်း မြစ်များအရ တိုက်ခိုက်မှုဟာ တိကျသေချာလွန်းတဲ့ ဒုံးကျည် သို့မဟုတ် ဒရုန်းများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရုပ်သံတိုက်ရိုက်လွှင့်နေစဉ်မှာပင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

      ဤလုပ်ရပ်သည် “အနီရောင်မျဉ်း” ကို ကျော်လွန် သွားပြီဖြစ်ကြောင်းနှင့် အစ္စရေးနှင့် အမေရိကန်တို့ သည် ၎င်းတို့၏ ဖြစ်တည်မှုအတွက် ပေးဆပ်ရမည်ဟု အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ကြေညာထားပါသည်။

     နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ အီရန်တရားသူကြီးချုပ် Mohseni Ejei ဟာ တိုက်ခိုက်မှုအတွင်း အသက်ဘေးကနေ လွတ်မြောက်ခဲ့ပြီး ဘေးကင်းလုံခြုံစွာ ရှိနေသည်ဟု သိရပါသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးချင်းမှာပဲ သူ့ရဲ့ သက်တော်စောင့်တွေက သူ့ကို ဝိုင်းရံကာကွယ်ခဲ့ကြပါတယ်။ သူဟာ ဒဏ်ရာရရှိခြင်းမရှိဘဲ အင်တာဗျူးကို ဆက်လက်ဖြေကြားခဲ့သလို “အီရန်ပြည်သူတွေဟာ ဗုံးကြဲတာကို မကြောက်ဘူး၊ ဒီလမ်းစဉ်အတိုင်း ဆက်သွားမယ်” လို့ လက်သီးလက် မောင်းတန်းပြီး ရဲရဲဝံ့ဝံ့ တုံ့ပြန်ပြောဆိုခဲ့သည်။

     တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မှာလည်း သူဟာ လူအုပ်ကြီးနဲ့အတူ ချီတက်ပွဲမှာ ဆက်လက်ပါဝင်ခဲ့တာကို တွေ့ရသည်။ ဒါ့အပြင် အီရန်သမ္မတ Pezeshkian နဲ့ တခြားထိပ်တန်းခေါင်းဆောင်တွေလည်း တီဟီရန်လမ်းမတွေပေါ်မှာ လူထုနဲ့အတူ ရှိနေခဲ့ကြသည်ဟု သတင်းများတွင် ဖော်ပြထားသည်။

     အဆိုပါ တိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သား ၁၅ ဦးမှ ၂၀ ဦးခန့် သေဆုံးခဲ့ရသည်ဟု အစောပိုင်းသတင်းတွေအရ သိရပါသည်။ ဒဏ်ရာရရှိသူဦးရေမှာ ၅၀ ကျော် ရှိနေပြီး အချို့မှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါကြောင်း သိရသည်။

#PositiveAngle #TehranAttack #MohseniEjei #IsraelUSA #IranWar #QudsDay #MiddleEastCrisis #BreakingNews

Telegram»…
https://t.me/positiveanglenews

#PAN