(နိုင်ငံတကာ)မတ် ၁၄
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ အစ္စရေးနိုင်ငံရဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ အလွန် အမင်း အားနည်းလာပြီး နိုင်ငံအတွင်း ပျက်စီးဆုံးရှုံးမှုတွေ ပြင်းထန်နေတာကြောင့် “ဘေးဒုက္ခဆိုးကြီးဖြစ်စေမယ့် နျူကလီးယားလက်နက် အသုံးပြုဖို့” အလေးအနက် စဉ်းစားနေနိုင်တယ်လို့ သမ္မတ ထရမ့်ရဲ့ လက် ထောက်တစ်ဦးဖြစ်သူ David Sacks က ယမန်နေ့တွင် ပြောကြားခဲ့ပါသည်။
David Sacks (ထရမ့်အစိုးရ၏ Crypto ဆိုင်ရာ အကြံပေး) က “All-In Podcast” တွင် ပြောကြားချက်အရ အစ္စရေး၏ ကျော်ကြားသော Iron Dome နှင့် အခြားလေကြောင်းကာကွယ်ရေးစနစ်များသည် အီရန်နှင့် ၎င်း၏မဟာမိတ်များ၏ ဒုံးကျည်/ဒရုန်းလှိုင်းပေါင်းများစွာကို ခုခံရင်း အလွန်အမင်း ပင်ပန်းနွမ်း နယ်ကုန်ခမ်းနေပြီ (Exhausted) ဖြစ်ကြောင်း ၎င်းကဆိုသည်။
အစ္စရေးနိုင်ငံသည် လက်ရှိတွင် “အပြင်းအထန် ဖျက် ဆီးခံနေရသည်” (Seriously Destroyed) ဟု ၎င်းက သုံးသပ်သည်။ အီရန်၏ ဒုံးကျည်များက အစ္စရေး၏ အရေးပါသော အခြေခံအဆောက်အအုံများကို ထိမှန်နေခြင်းကြောင့် အစ္စရေး၏ စစ်ရေးအရ တုံ့ပြန်နိုင်စွမ်းမှာ အကန့်အသတ်ဖြစ်လာနေသည်။
အစ္စရေးရဲ့ Iron Dome ဒုံးကျည်လက်ကျန်နဲ့ ပတ် သက်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လလယ် နောက်ဆုံးရရှိထားတဲ့ စစ်ရေးခန့်မှန်းချက်တွေအရ စစ်ပွဲစတင်ပြီး ၂ ပတ်အတွင်း အီရန်နှင့် ၎င်း၏မဟာမိတ်များက ဒုံးကျည်နှင့် ဒရုန်းပေါင်း ထောင်ချီ၍ ပစ်ခတ်ခဲ့ခြင်းကြောင့် အစ္စရေး၏ Tamir (Iron Dome သုံး ဒုံးကျည်) လက် ကျန်မှာ စိုးရိမ်စရာကောင်းလောက်အောင် နည်းပါးသွားပြီ (Dangerously Low) ဟု Bloomberg နှင့် စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။ အစဉ် အလာအရ ဒုံးကျည် ၁ စင်းကို ခုခံရန် ကြားဖြတ်ဒုံးကျည် ၂ စင်းမှ ၃ စင်းအထိ အသုံးပြုရသဖြင့် လက်ကျန်ကုန်ဆုံးမှုနှုန်းမှာ အလွန်မြန်ဆန်နေသည်။
ဒုံးကျည်လက်ကျန် နည်းပါးလာမှုကြောင့် အစ္စရေးစစ်တပ်သည် ဒရုန်း သို့မဟုတ် ဒုံးကျည်တိုင်းကို လိုက်မပစ်တော့ဘဲ လူနေထူထပ်သော မြို့ကြီးများနှင့် အရေးကြီးသော စစ်ဘက်အဆောက်အအုံများဆီသို့ တည့်တည့်ကျရောက်မည့် အရာများကိုသာ ရွေးချယ်ပစ်ခတ်နေရသည့် အခြေအနေ (Target Matrix Trade-offs) သို့ ရောက်ရှိနေသည်။
အမေရိကန်နိုင်ငံရှိ RTX (Raytheon) နှင့် အစ္စရေးရှိ Rafael ကုမ္ပဏီတို့သည် ဒုံးကျည်ထုတ်လုပ်မှုကို အရှိန်မြှင့်နေသော်လည်း စစ်မြေပြင်တွင် အသုံးပြုနေသည့်နှုန်းကို မမီသေးပေ။ အမေရိကန်က အရေးပေါ်လက် နက်အကူအညီများ ပေးပို့နေသော်လည်း အစ္စရေးတင်မကဘဲ ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်စခန်းများပါ တိုက်ခိုက်ခံနေရသဖြင့် ခွဲဝေမှုအပိုင်းမှာ အကျပ် အတည်းဖြစ်နေသည်ဟု WSJ က ဆိုသည်။
သတင်းအချို့အရ အစ္စရေးသည် ကုန်ကျစရိတ်သက်သာပြီး ဒုံးကျည်ကုန်မှာ မပူရသည့် Iron Beam လေဆာကာကွယ်ရေးစနစ်ကို လက်တွေ့စမ်းသပ်အသုံးပြုနေပြီဟု ဆိုသော်လည်း အလုံးစုံဖြန့်ကျက်နိုင်ခြင်း မရှိသေးသဖြင့် Iron Dome ကိုသာ အဓိက အားကိုးနေရဆဲ ဖြစ်သည်။
အစဉ်အလာစစ်ပွဲ(Conventional War)တွင် အရေးနိမ့်လာနိုင်သည့်အန္တရာယ်နှင့် ရင်ဆိုင်ရပါက နေတန်ယာဟုအနေဖြင့် နောက်ဆုံးလက်နက်ဖြစ်သော နျူက လီးယားလက်နက်ကို အသုံးပြုရန်အထိ စဉ်းစားလာနိုင်ကြောင်း (Contemplating catastrophic nuke) Sacks က သတိပေးလိုက်ခြင်းဖြစ်သည်။ ဤသည်မှာ ဒေသတွင်းစစ်ပွဲမှသည် ကမ္ဘာပျက်ကိန်းအဆင့်အထိ ရောက်ရှိသွားနိုင်သော အခြေအနေဖြစ်သည်။
သူက အစ္စရေးကို နျူကလီးယားသုံးဖို့ အားပေးတာထက် “အခြေအနေတွေက အဲဒီလောက်အထိ ဆိုးရွားနေပြီမို့လို့ စစ်ပွဲကို အမြန်ဆုံး ရပ်တန့်ဖို့ လိုအပ်နေပြီ” ဆိုတဲ့ သဘောနဲ့ သတိပေးစကား ပြောကြားခဲ့တာ ဖြစ်သည်။
#PositiveAngle #Netanyahu #IsraelIranWar #NuclearThreat #DavidSacks #MiddleEastCrisis #BreakingNews #AllInPodcast
Telegram»…
https://t.me/positiveanglenews
#PAN