
(နိုင်ငံတကာ)မတ် ၁၃
ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အနီး ယနေ့ ဒေသစံတော့ချိန် နံနက်ပိုင်းက အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln နှင့် နီးကပ်စွာ ခုတ်မောင်းလာသည့် အီရန်သင်္ဘောတစ်စီးကို အမေရိကန်ရေတပ်က တိုက်ခိုက်ခဲ့ကြောင်း CBS သတင်းဌာနက ဖော်ပြထားသည်။
အီရန်စစ်သင်္ဘောတစ်စီးသည် အမေရိကန်၏ အင်အားကြီး လေယာဉ်တင်သင်္ဘော USS Abraham Lincoln နှင့် အလွန်နီးကပ်စွာ (Too closely) ခုတ်မောင်းလာခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
အမေရိကန် ရေတပ်သင်္ဘောသည် Mark-45 အမြောက်ကို အသုံးပြု၍ အီရန်သင်္ဘောအား ပစ်ခတ်တားဆီးရန် ကြိုးပမ်းခဲ့သော်လည်း အကြိမ်ကြိမ် လွဲ ချော်ခဲ့ (Missed multiple times) ကြောင်း သတင်းက ဆိုသည်။

အမြောက်ဖြင့် ပစ်ခတ်မှု မအောင်မြင်ပြီးနောက် အမေရိကန်ဘက်က ရဟတ်ယာဉ် (Chopper) တစ်စီးကို လွှတ်တင်ခဲ့ပြီး Hellfire ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင် ဒုံးကျည် ၂ စင်းသည် အီရန်သင်္ဘောကို ထိမှန်ခဲ့ကြောင်း အတည်ပြုရရှိထား သည်။
Hellfire ဒုံးကျည် ၂ စင်း ထိမှန်ခဲ့တာကြောင့် အဆိုပါ အီရန်သင်္ဘောဟာ ပြင်းထန်စွာ ပျက်စီးသွားခဲ့ပါတယ်။ သို့သော်လည်း သင်္ဘောဟာ ချက်ချင်း နစ်မြုပ်သွားခြင်း ရှိ၊ မရှိကိုတော့ အတည်မပြုနိုင်သေးပါ။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ယခုတိုက်ခိုက်မှုကို နိုင်ငံတကာရေပိုင်နက်အတွင်း အီရန်၏ အချုပ်အခြာအာဏာကို ထိပါးသော “ရန်စသည့် လုပ် ရပ်” (Act of Aggression) ဟု သမုတ်လိုက်သည်။ ၎င်းတို့၏ သင်္ဘောသည် ပုံမှန်ကင်းလှည့်နေခြင်းသာဖြစ်ပြီး အမေရိကန်ဘက်က စတင်ပစ်ခတ်ခြင်းဖြစ် ကြောင်း စွပ်စွဲထားသည်။
#PositiveAngle #USSAbrahamLincoln #USNavy #IranAttack #StraitOfHormuz #HellfireMissile #MiddleEastWar #BreakingNews
Telegram»…
https://t.me/positiveanglenews
#PAN