အမေရိကန်-အီရန်စစ်ပွဲ ၁၄ ရက်မြောက်နေ့တွင် အမေရိကန်တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု စာရင်းထွက်ပေါ်

 (နိုင်ငံတကာ)မတ် ၁၄

     Wall Street Journal (WSJ) အပါအဝင် နိုင်ငံ တကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အမေရိကန်-အီရန် စစ်ပွဲ ၂ ပတ်မြောက် (၁၄ ရက်မြောက်နေ့) မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုစာရင်း ထွက်ပေါ်လာသည်။

     စစ်ပွဲစတင်ပြီး ၂ ပတ်အတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သည်။ ယင်းသေဆုံးမှုများတွင် ၆ ဦး သည် အီရန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကူဝိတ်ရှိ စစ်ဆင်ရေးစခန်းတစ်ခုတွင် သေဆုံးခဲ့သည်။ ၁ ဦး မှာ ဆော်ဒီအာရေဗျရှိ Prince Sultan လေတပ်စခန်း တိုက် ခိုက်ခံရမှုအတွင်း ဒဏ်ရာရရှိပြီး သေဆုံးခဲ့သည်။၆ ဦး မှာ အီရတ်နိုင်ငံအနောက်ပိုင်းတွင် KC-135 လေယာဉ်ဆီဖြည့်လေယာဉ် ပျက်ကျမှုကြောင့် မတ်လ ၁၃ ရက်နေ့တွင် သေဆုံးခဲ့သည်။ (ယင်းဖြစ်စဉ်မှာ ရန်သူ့ပစ် ခတ်မှုကြောင့် မဟုတ်ဘဲ မတော်တဆဖြစ်ပွားခဲ့ခြင်းဟု CENTCOM က ဆိုသည်)။

     Pentagon (ပင်တဂွန်) ၏ ထုတ်ပြန်ချက်အရ စုစုပေါင်း ၂၀၀ ဦး ခန့် ဒဏ်ရာရရှိခဲ့သည်။ ၁၀ ဦးခန့်မှာ ဒဏ်ရာပြင်းထန်သဖြင့် အထူးကုသမှု ခံယူနေရသည်ဒဏ်ရာရရှိသူများအနက် ၁၇၀ ဦး မှာ ဒဏ်ရာသက်သာသွားသဖြင့် စစ်မြေပြင်တာဝန်များကို ပြန်လည်ထမ်းဆောင်နေပြီဖြစ်သည်ဟု သိရပါသည်။

     အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth က ယခုစစ်ပွဲသည် အမေရိကန်တို့အတွက် ပိုမိုအသက်ပေးဆပ်ရမှုများ ရှိလာနိုင်ကြောင်း သတိပေးထားသလို၊ အီရန်ဘက်ကလည်း ၎င်းတို့၏ ခေါင်းဆောင်သစ် မိုဂျတာဘာ ခါမေနီ က လက်စားချေမှုများ ဆက် လက်လုပ်ဆောင်သွားမည်ဟု ကြေညာထားသည်။

#PositiveAngle #USA #IranWar #CasualtyUpdate #WSJ #OperationEpic Fury #March2026 #BreakingNews

Telegram»…
https://t.me/positiveanglenews

#PAN

    

​​​​​