(နိုင်ငံတကာ)မတ် ၁၃
ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောများ ဆက်လက်ဖြတ်သန်းသွားလာနိုင်ဆဲ ဖြစ်သော်လည်း၊ ဘေးကင်းလုံခြုံမှု ရှိစေရန်အတွက် အီရန်ရေတပ်နှင့် ညှိနှိုင်းဆောင်ရွက်ရန်မှာ ‘အမှန်တကယ် လိုအပ်သည်’ ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာကေး (Esmaeil Baghaei) က ပြောကြားခဲ့သည်။
ဒေသတွင်း တင်းမာမှုများနှင့် ပဋိပက္ခများ မြင့်တက်လာပြီးနောက်၊ အီရန်သည် အဆိုပါ ရေလမ်းကြောင်း၏ လုံခြုံရေးအတွက် တာဝန်ယူထားကြောင်း ကြေညာခဲ့ပြီး သင်္ဘောများအနေဖြင့် အန္တရာယ်များကို ရှောင်ရှားနိုင်ရန် ဖြတ်သန်းသွားလာမှုကို ညှိနှိုင်းတိုင်ပင်ရန် လိုအပ်ကြောင်း ပြောဆိုထားသည်။
သင်္ဘောများသည် အီရန်ရေတပ်နှင့် ညှိနှိုင်းဆောင် ရွက်ရမည်ဖြစ်ပြီး၊ အချို့သော သတင်းရင်းမြစ်များ၏ အဆိုအရ သင်္ဘောများသည် ကြိုတင်ခွင့်ပြုချက်ရယူရန်ပင် လိုအပ်နိုင်ကြောင်း သိရသည်။
အမေရိကန်နှင့် အစ္စရေးတို့ ပါဝင်ပတ်သက်နေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်၊ အီရန်က အဆိုပါနယ်မြေအား လုံခြုံရေးအရ ထိန်းချုပ်ပိုင်ခွင့်ရှိကြောင်း အခိုင်အမာဆိုကာ ယခုကဲ့သို့ စည်းကမ်းချက်များကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ဤထုတ်ပြန်ချက်သည် ရေလက်ကြားအတွင်း သင်္ဘောသွားလာမှု သိသိသာသာ လျော့ကျသွားချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် တစ်နေ့လျှင် ပျမ်းမျှ သင်္ဘောအစင်းရေ ၁၀၀ ခန့် ဖြတ်သန်းလေ့ရှိသော်လည်း၊ ဗုဒ္ဓဟူးနေ့ကမူ ၁ စင်း သို့မဟုတ် ၂ စင်း သာ ဖြတ်သန်းနိုင်ခဲ့ကြောင်း သတင်းများက ဆိုသည်။

အီရန်အနေဖြင့် ရေလက်ကြားတစ်ခုလုံးကို အလုံးစုံ ပိတ်ဆို့ထားနိုင်စွမ်း ရှိ၊ မရှိအပေါ် လေ့လာဆန်းစစ်သူ များက ငြင်းခုံနေကြသော်လည်း၊ ၎င်းတို့၏ ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်နိုင်စွမ်းမှာ သင်္ဘောသွား လာရေးအတွက် ကြီးမားသော လုံခြုံရေးအန္တရာယ်ကို ဖန်တီးပေးလျက်ရှိသည်။
ဘာကေး (Baghaei) က ဒေသတွင်း မတည်ငြိမ်မှုများသည် အီရန်၏ မူဝါဒကြောင့် မဟုတ်ဘဲ အမေရိကန်နှင့် အစ္စရေးတို့၏ လုပ်ရပ်များကြောင့်သာ ဖြစ် ကြောင်း အလေးပေး ပြောကြားခဲ့သည်။
ကမ္ဘာ့အရေးအပါဆုံး ရေနံလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားတွင် အီရန်က ၎င်း၏ ထိန်းချုပ်မှုကို ပိုမိုတင်းကျပ်လိုက်ခြင်း ဖြစ်သည်။ ဤလုပ်ရပ်ကြောင့် နိုင်ငံတကာ ကုန်သွယ်ရေးသင်္ဘောများမှာ လမ်းကြောင်းပြောင်းရန် သို့မဟုတ် အီရန်၏ စစ်ဆေးမှုများကို ခံယူရန် ရွေးချယ်စရာ ဖြစ်လာနေပြီး ရေနံဈေးနှုန်းများမှာလည်း ဆက်လက် မြင့်တက်နေဖွယ် ရှိသည်။
#PositiveAngle #StraitOfHormuz #IranNavy #OilTrade #GlobalEconomy #MiddleEastCrisis #MaritimeSecurity #BreakingNews
Telegram»…
https://t.me/positiveanglenews
#PAN