(ပြည်တွင်း) မတ် ၂၃
ပြည်သူ့ရှေ့ဆောင်ပါတီ၏ မန္တလေးတိုင်းဒေသကြီး ဒုဥက္ကဌ(၂) တာဝန်ထမ်းဆောင်နေသည့် ဒေါ်ဖြူဖြူဆန်းသည် ပါတီတာဝန်များနှင့် ပါတီဝင်အဖြစ်မှ မိမိသဘောဆန္ဒအလျှောက် နှုတ်ထွက်လိုက်ကြောင်း သိရသည်။
ဒေါ်ဖြူဖြူဆန်းမှ ပြည်သူ့ရှေ့ဆောင်ပါတီ ဗဟိုဥက္ကဌထံသို့ တင်ပြထားသောစာအရ မန္တလေးတိုင်းဒေသကြီး ဒုဥက္ကဌ(၂) တာဝန်မှလည်းကောင်း၊ ပါတီဝင်အဖြစ်မှလည်းကောင်း နှုတ်ထွက်လိုကြောင်း တရားဝင် အသိပေးထားခြင်းဖြစ်သည်။
ဒေါ်ဖြူဖြူဆန်းသည် ပါတီဝင်အမှတ် A-007009 ဖြင့် ပါတီတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခုအခါ မိမိသဘောဆန္ဒအရ ပါတီတာဝန်များမှ နှုတ်ထွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲပြီးနောက် ပြည်သူ့ရှေ့ဆောင်ပါတီအတွင်း ပါတီဝင်များနှင့် ခေါင်းဆောင်ပိုင်းအချို့လည်း ဆက်တိုက် နှုတ်ထွက်မှုများရှိနေကြောင်း သိရသည်။
ယခင်ကလည်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ရှေ့ဆောင်ပါတီ တိုင်းဥက္ကဌ ဦးအောင်ကျော်ဦး သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ပါတီဗဟိုဥက္ကဌထံသို့ စာတင်ပြကာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ်မှလည်းကောင်း၊ ပါတီဝင်အဖြစ်မှလည်းကောင်း နှုတ်ထွက်ခဲ့ကြောင်း သိရသည်။
