လေကြောင်းကိုအကြောင်းပြပြီး  AA စစ်ရာဇဝတ်မှုကျူးလွန်

(ပြည်တွင်း) မတ် ၁၁

ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ချောင်းဒေသမှာ ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA တွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေကို တပ်မတော်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၁၆ ဦးသေဆုံးခဲ့တယ်လို့ AA က မြေပြင်အနေအထားနဲ့ကွဲလွဲနေတယ်လို့ စစ်ရေးကျွမ်းကျင်သူတွေကပြောပါတယ်။

AA ရဲ့ပြောဆိုချက်မှာတော့ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ မနက် ၁၁ နာရီ ၂ မိနစ်ကနေ နေ့လယ် ၂ နာရီ ၂၈ မိနစ်ခန့်အတွင်းမှာ တပ်က ဂျက်ဖိုက်တာ (၄ )စီး၊ Y12 (၄)စီးနဲ့ အမ်းမြို့နယ် ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်းအကျဉ်းစခန်းကို ၃ နာရီခွဲကြာတဲ့အထိ ဗုံးကြဲတိုက်ခိုက်မျိုးကို မရပ်မနား တိုက်ခိုက်ခဲ့လို့ ၁၁၆ ဦးသေဆုံးခဲ့ပြီး စစ်ဘက်အရာရှိကြီးတစ်ချို့ အရပ်သားတချို့သေဆုံးသလို အလောင်းတချို့က မည်သူမည်ဝါ စစ်ဆေးဖို့အတွက် ခက်ခဲတဲ့အထိ ခန္ဓာကိုယ်အစအပိုင်းတွေ ရစရာမရှိကာ ပျောက်ဆုံးတဲ့ အလောင်းတွေလည်း ရှိနေတယ်လို့ ပါရှိပါတယ်။

စစ်ရေးကျွမ်းကျင်သူတွေကတော့ AA ရဲ့ထုတ်ပြန်ချက်ဟာ ယုတ္တိမဆန်သလို လူမဆန်တဲ့ဝါဒဖြန့်သတင်းသာသာ သာဖြစ်ပြီး လေယာဉ်ဗုံးကျတယ်ဆိုပေမယ့် လေယာဉ်ဗုံးကျလို့ ပေါက်ကွဲထားတဲ့ ပုံစံမျိုး မတွေ့ရဘူးလို့ဆိုပါတယ်။

“AA အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ဖမ်းစီးရမိထားတဲ့ သုံးပန်းမတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လူမဆန်စွာ ရက်ရက်စက်စက် မီးရှိသတ်ဖြတ်ခဲ့ပြီး တပ်မတော်က ဗုံးကျဲချေမှုန်းခဲ့တယ် ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး သူတို့ရဲ့ ရက်စက်မှုတွေကို ဖုံးဖိလိုတဲ့လုပ်ရပ်” လို့ စစ်ရေးအတွေ့အကြုံရှိသူတွေက ပြောပါတယ်။

AA ထုတ်ပြန်တဲ့ ဓာတ်ပုံတွေကို စိစစ်ချက်အရ ဗုံးကျဲခံရသူတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ပျက်စီးထိခိုက်ထားတာမရှိသလို ပတ်ဝန်းကျင်မှာလည်း ဗုံးကျင်းနဲ့ ဖွာလန်ကျဲနေတဲ့ မြေအနေအထားတွေမတွေ့ရဘူးလို့ဆိုပါတယ်။ဒါ့အပြင် မီးလောင်ကျွမ်းမှုမရှိထားတဲ့ ရုပ်အလောင်းတွေမှာလည်း ဗုံးစထိမှန်သေဆုံးတဲ့ ဒဏ်ရာအနေအထားမရှိသလို အနီးပတ်ဝန်းကျင်က သစ်ပင်တွေမှာလည်း ဗုံးစထိမှန်ထားတဲ့ အနေအထားတွေ မတွေ့ရဘူးလို့ကျွမ်းကျင်သူတွေက ပြောပါတယ်။

အရပ်သားတွေကိုထိခိုက်တာ စစ်သုံ့ပန်းတွေကို ညှဉ်းပန်းပြီး သတ်ဖြတ်တဲ့ AA ရဲ့လုပ်ရပ်ဟာ နိုင်ငံတကာ လူသားချင်းစာနာရေးဥပဒေကို ချိုးဖောက်တဲ့အပြင် စစ်ရာဇဝတ်မှုကို ကြီးကြီးမားမား ကျူးလွန်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။