“နေတန်ယာဟုက ထရမ့်ကို အီရန်နှင့် စစ်ဖြစ်အောင် တွန်းပို့ခဲ့” ဟု အမေရိကန် အထက်လွှတ်တော်အမတ် Chris Murphy စွပ်စွဲ

(နိုင်ငံတကာ)မတ် ၁၁

     အထက်လွှတ်တော်အမတ် Murphy က အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu (Bibi) ဟာ သမ္မတ ထရမ့်ကို ဒေသတွင်းက အမေရိကန်ရဲ့ အကျိုး စီးပွားတွေ၊ စစ်အခြေစိုက်စခန်းတွေဟာ အီရန်ရဲ့ တိုက် ခိုက်မှုဒဏ်ကို မလွဲမသွေ ခံရတော့မယ်လို့ ယုံကြည်အောင် ခြောက်လှန့်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။ ဒီလို ခြောက်လှန့်မှုကြောင့်ပဲ ထရမ့်ဟာ အီရန်အပေါ် စစ်ရေးအရ အပြင်းအထန် တုံ့ပြန်တဲ့ လမ်း ကြောင်းကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

     Murphy ရဲ့ အဆိုအရ အခုပြုလုပ်နေတဲ့ စစ်ဆင် ရေးတွေဟာ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို ဖျက်ဆီးဖို့ထက်၊ အစ္စရေးရဲ့ လုံခြုံရေးနဲ့ ဒေသတွင်း ဩဇာလွှမ်းမိုးမှုအတွက် အမေရိကန်စစ်အင်အားကို အသုံးချနေခြင်းသာ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။ “နျူကလီးယား အစီအစဉ်ဟာ စစ်ဆင်ရေးရဲ့ အဓိက အစိတ်အပိုင်း မဟုတ်ဘူးဆိုတာ အခုတော့ သိသာနေပြီ” လို့ သူက ဆိုပါတယ်။

    ဒီပြောကြားချက်ဟာ အမေရိကန် ဒီမိုကရက်တစ်ပါတီဘက်ကနေ ထရမ့်ရဲ့ အရှေ့အလယ်ပိုင်း မူဝါဒကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တာဖြစ်ပြီး၊ အမေရိကန်ဟာ အစ္စရေးရဲ့ အကျိုးစီးပွားအတွက်နဲ့ စစ်ပွဲထဲမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်နေရတယ်ဆိုတဲ့ အယူအဆကို ဖော်ပြနေတာ ဖြစ်ပါတယ်။

     အိမ်ဖြူတော်က Murphy ရဲ့ စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး၊ သမ္မတ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ နေတန်ယာဟုရဲ့ ခြောက်လှန့်မှုကြောင့်မဟုတ်ဘဲ “ခိုင်မာတဲ့ ထောက် လှမ်းရေး အချက်အလက်များ” (Facts-based intelligence) အပေါ်မှာသာ အခြေခံတာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ အီရန်ဟာ ဒေသတွင်းက အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့ “လက်ငင်းအန္တရာယ်” (Imminent threat) ရှိနေတာကို တွေ့ရှိခဲ့ရလို့ ခုခံကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

     Murphy က “နျူကလီးယားအစီအစဉ်ဟာ စစ်ဆင် ရေးရဲ့ အစိတ်အပိုင်းမဟုတ်ဘူး” လို့ ပြောဆိုချက်အပေါ် အိမ်ဖြူတော်က အပြင်းအထန် ငြင်းဆိုပါတယ်။ “Operation Epic Fury” ရဲ့ အဓိကပန်းတိုင် ၄ ခုထဲမှာ “အီရန် နျူကလီးယားလက်နက် မပိုင်ဆိုင်စေရေး” ဟာ အဓိကဖြစ်ပြီး၊ ဒါ့အပြင် အီရန်ရဲ့ ဒုံးကျည်ထုတ်လုပ်မှုနဲ့ ရေတပ်အင်အားကို ဖျက်ဆီးဖို့ပါ ရည် ရွယ်တယ်လို့ တရားဝင်ထုတ်ပြန်ထားပါတယ်။

     ဒီမိုကရက်များက သမ္မတဟာ လွှတ်တော်ရဲ့ ခွင့်ပြု ချက် (War Powers Act) မပါဘဲ စစ်ပွဲကို ဆင်နွှဲနေတာဖြစ်လို့ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ စောဒကတက်နေကြပါတယ်။

     အထက်လွှတ်တော်အမတ်အချို့က အမေရိကန်ဟာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ လုံခြုံရေးအစီ အစဉ်တွေအတွက် “ကိုယ်စားလှယ်စစ်ပွဲ” (Proxy War) တိုက်ပေးနေရတာလားဆိုတာကို မေးခွန်းထုတ်လာကြပါတယ်။

     အခြားတစ်ဖက်မှာတော့ အစ္စရေးရဲ့ လုံခြုံရေးဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ တိုက်ရိုက်ဆက် စပ်နေတယ်လို့ အခိုင်အမာ ယုံကြည်သူတွေလည်း ရှိနေပါတယ်။

   စစ်ပွဲကာလ ကြာရှည်လာတာနဲ့အမျှ အမေရိကန်ရဲ့ ဘတ်ဂျက်သုံးစွဲမှု မြင့်တက်လာပြီး လောင်စာဆီဈေးနှုန်းတွေ အတက်အကျဖြစ်နေတာကို ဒီမိုကရက်အမတ်တွေက စိုးရိမ်နေကြပါတယ်။ စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ပြီး သံတမန်ရေးလမ်းကြောင်း ပြန်ဖွင့်ဖို့ သူတို့က တိုက်တွန်းနေကြပါတယ်။

#PositiveAngle #USSenate #IranWarDebate #TrumpForeignPolicy #USPolitics #MiddleEastConflict #BreakingNews
Telegram»…
https://t.me/positiveanglenews

#PAN