“ဒေသတွင်းနိုင်ငံများသည် အီရန်၏ ရန်သူမဟုတ်ပါ” ဟု ကာတာနိုင်ငံခြားရေးဝန်ကြီး ပြောကြား

(နိုင်ငံတကာ)မတ် ၁၁

     ကာတာဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Sheikh Mohammed bin Abdulrahman Al Thani က လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများအတွင်း ပင်လယ် ကွေ့ဒေသတွင်းနိုင်ငံများသည် အီရန်နှင့် ရန်သူဖြစ်ရန် ဆန္ဒမရှိကြောင်းနှင့် စစ်ပွဲကျယ်ပြန့်လာခြင်းကို ရှောင် လွှဲလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

     ကာတာအပါအဝင် ပင်လယ်ကွေ့အာရပ်နိုင်ငံများ (GCC) သည် ၎င်းတို့၏ နယ်မြေကို အီရန်အား တိုက် ခိုက်ရန်အတွက် အသုံးချခွင့်မပြုလိုကြောင်းနှင့် “ကြားနေ” (Neutral) အဖြစ် ရပ်တည်လိုကြောင်း အလေးအနက် ပြောကြားခဲ့သည်။

     စစ်ရေးအရ ဖြေရှင်းခြင်းထက် အိမ်နီးချင်းနိုင်ငံများအကြား သံတမန်ရေးရာ လမ်းကြောင်းများမှတစ်ဆင့် တင်းမာမှုများကို လျှော့ချရန် ကာတာက တိုက်တွန်းထားသည်။
     စစ်ပွဲကျယ်ပြန့်လာပါက ဒေသတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုများ ထိခိုက်နိုင်ပြီး စီးပွားရေးအရ အားလုံးထိခိုက်နိုင်သည်ကို ကာတာက ထောက်ပြခဲ့ပါသည်။

     အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကာတာရဲ့ ပြောကြားချက်ကို ကြိုဆိုလိုက်ပြီး ဒါဟာ “မှန်ကန်တဲ့ လမ်းကြောင်းပေါ်က ရပ်တည်ချက်” ဖြစ်တယ်လို့ ဆိုသည်။ အီရန်အနေနဲ့လည်း အိမ်နီးချင်း အာရပ်နိုင်ငံတွေနဲ့ ရန်ဘက်ဖြစ်ဖို့ ဆန္ဒမရှိဘဲ “ဒေသတွင်း ညီညွတ်ရေး” (Regional Solidarity) ကိုသာ ရှေ့ရှုတယ်လို့ တုံ့ပြန်ခဲ့သည်။

      အီရန်ဘက်က တုံ့ပြန်ရာမှာ “အရှေ့အလယ်ပိုင်းရဲ့ ပြဿနာတွေကို ဒေသတွင်းနိုင်ငံတွေကြားမှာပဲ ဖြေရှင်းသင့်တယ်” လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့လို “ပြင်ပအင်အားစုများ” (Outside powers) က ဒေသတွင်းနိုင်ငံတွေကြား သွေးခွဲနေတာကို သတိပြုဖို့နဲ့ ကာတာလိုမျိုး ကြားနေရပ်တည်ပေးတာဟာ ဒေသတွင်းစစ်မီး မကူးစက်အောင် တားဆီးရာရောက်တယ်လို့ ဆိုသည်။

     အီရန်သမ္မတရုံးကလည်း ကာတာအပါအဝင် ပင်လယ်ကွေ့နိုင်ငံတွေကို အမေရိကန်ရဲ့ စစ်ရေးဩဇာအောက်မှာ မနေဘဲ ဒေသတွင်းနိုင်ငံတွေအချင်းချင်း ပူးပေါင်းထားတဲ့ “စုပေါင်းလုံခြုံရေးစနစ်” (Collective Security Mechanism) တစ်ခု တည် ဆောက်ဖို့ ထပ်မံကမ်းလှမ်းခဲ့ကြောင်း သိရပါသည်။

     သတင်းရင်းမြစ်အချို့ရဲ့ အဆိုအရ ကာတာအစိုးရဟာ ၎င်းတို့ရဲ့ နယ်မြေကို အီရန်အား တိုက်ခိုက်ဖို့အတွက် အသုံးချခံရမှာကို စိုးရိမ်တာကြောင့် အမေရိကန်ကို “အကန့်အသတ်ဖြင့်သာ” သုံးစွဲခွင့်ပြုထားတယ်လို့ သိရသည်။ အထူးသဖြင့် ကာတာမြေပေါ်ကနေ တိုက်ရိုက်ဗုံးကြဲတာမျိုးထက် ထောက်လှမ်းရေး၊ ဆက်သွယ်ရေးနဲ့ လေထဲမှာ ဆီဖြည့်တဲ့ (Refueling) လုပ်ငန်း စဉ်တွေအတွက်သာ အဓိက ခွင့်ပြုထားခြင်း ဖြစ် သည်။

#PositiveAngle #QatarForeignPolicy #IranCrisis #MiddleEastPeace #GCC #DiplomacyOverWar #BreakingNews
Telegram»…
https://t.me/positiveanglenews

#PAN