အစ္စရေးကောင်းကင်ယံတွင် အီရန်ဒုံးကျည်မှ ထိပ်ဖူးအများအပြား ခွဲထွက်လာမှုအပေါ် အစ္စရေးတို့ တုန်လှုပ်

(နိုင်ငံတကာ)မတ် ၉

     အီရန်က ပစ်ခတ်လိုက်သော ဘောလစ်စတစ်ဒုံး ကျည် (Ballistic Missile) တစ်ခုသည် လေထုအတွင်း၌တင် ထိပ်ဖူးအများအပြားအဖြစ် ကွဲထွက်သွားပြီး ပစ်မှတ်အသီးသီးသို့ ဦးတည်သွားသည်ကို အစ္စရေးပြည်သူများက အံ့အားသင့်ဖွယ် မြင်တွေ့ခဲ့ရကြောင်း Israel Hayom သတင်းစာက ဖော်ပြခဲ့သည်။

     ၎င်းနည်းပညာမှာ MIRV – Multiple Independently Targetable Reentry Vehicle ဖြစ်ပြီး ဒုံးကျည်တစ်စင်းတည်းက ထိပ်ဖူး (၃) ခုမှ (၁၀) ခုအထိ သယ် ဆောင်ကာ ပစ်မှတ်အမျိုးမျိုးကို တစ်ပြိုင်နက် တိုက်ခိုက်နိုင်သော နည်းပညာဖြစ်သည်။

    ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဖျက်ဆီးရန် လွယ်ကူသော်လည်း လေထဲတွင် ခွဲထွက်သွားသော ထိပ်ဖူးအမြောက်အမြားကို တစ်ပြိုင်နက်တည်း ပစ်ချရန်မှာ Iron Dome သို့မဟုတ် Arrow စနစ်များအတွက် ဝန်ပိစေပြီး အချို့ထိပ်ဖူးများမှာ မြေပြင်သို့ ကျရောက်သွားနိုင်သည့် အန္တရာယ်ရှိသည်။

    အဆိုပါ ဒုံးကျည်တွေဟာ လေထဲမှာတင် ထိပ်ဖူးငယ် (Sub-munitions) အများအပြားအဖြစ် ကွဲထွက်သွားတာကြောင့် နေရာတစ်ခုတည်းတင်မကဘဲ ကီလိုမီတာ အတော်များများအထိ ပျံ့နှံ့ပေါက်ကွဲပါသည်။ တဲလ်အဗီးဗ်မြို့လယ်မှာတင် ထိမှန်ရာနေရာ (Impact Zones) ပေါင်း (၁၂) နေရာထက်မနည်း ရှိခဲ့သည်။

     အစ္စရေးစစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများက အီရန်သည် ဤနည်းပညာကို ယခင်က အစမ်းသပ်ခံအဆင့်တွင်သာ ရှိခဲ့သော်လည်း ယခုအခါ လက်တွေ့စစ်မြေပြင်တွင် အသုံးပြုလာနိုင်ခြင်းသည် အစ္စရေး၏ လေကြောင်းကာကွယ်ရေးအတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်ကြောင်း ဝန်ခံထားကြသည်။

#PositiveAngle #IsraelHayom #IranMissile #MIRVTechnology #IsraelDefense #BreakingNews #MiddleEastWar

Telegram»…
https://t.me/positiveanglenews

#PAN