
(နိုင်ငံတကာ)မတ် ၉
ရန်နဲ့ အစ္စရေးအကြား စစ်ရှိန်အမြင့်ဆုံးကို ရောက်ရှိနေတဲ့ အချိန်မှာ ကမ္ဘာ့အင်အားအကြီးဆုံး နျူကလီး ယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီး USS Gerald R. Ford (CVN-78) ပင်လယ်နီ (Red Sea) ထဲကို ရောက်ရှိလာပါတယ်။
USS Gerald Ford ဟာ အမေရိကန်ရဲ့ နောက်ဆုံး ပေါ် လေယာဉ်တင်သင်္ဘောဖြစ်ပြီး တိုက်လေယာဉ် (၇၅) စင်းကျော်ကို တစ်ပြိုင်နက်တည်း တင်ဆောင်ထားနိုင်ကာ အဆင့်မြင့် လျှပ်စစ်သံလိုက် လေယာဉ်လွှတ်စနစ် (EMALS) ကို အသုံးပြုထားပါတယ်။
သူ့ရဲ့နောက်မှာ ဖျက်သင်္ဘော (Destroyers) တွေနဲ့ ဒုံးကျည်တင် ကင်းလှည့်သင်္ဘော (Cruisers) တွေပါဝင်တဲ့ Carrier Strike Group 12 တစ်ခုလုံး ပါဝင်လာပါတယ်။
ဟူသီသူပုန်တွေရဲ့ ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် အနှောင့်အယှက်ဖြစ်နေတဲ့ ပင်လယ်နီ ကုန် သွယ်ရေးလမ်းကြောင်းကို ကာကွယ်ပေးဖို့လည်း ရည်ရွယ်ပါတယ်။
အခုလို ဝင်ရောက်လာတာဟာ အရှေ့အလယ်ပိုင်းဒေသအတွက်တင်မကဘဲ ကမ္ဘာ့စစ်ရေးအခြေအနေကိုပါ ပြောင်းလဲစေနိုင်တဲ့ အချက်ပြမှုတစ်ခု ဖြစ်တယ်လို့ စစ်ရေးလေ့လာသူများက ဆိုပါတယ်။
ဤရွေ့လျားမှုသည် အရှေ့အလယ်ပိုင်းစစ်ပွဲ ကျယ် ပြန့်မလာစေရန် ဟန့်တားခြင်းဖြစ်သည်ဟု ပင်တဂွန်က ဆိုသော်လည်း၊ ဒေသတွင်း စစ်ရေးတင်းမာမှုကိုတော့ အမြင့်ဆုံးသို့ ရောက်ရှိစေခဲ့တယ်။
#PositiveAngle #USSGeraldFord #USNavy #RedSea #IranIsraelWar #MilitaryPower
Telegram»…
https://t.me/positiveanglenews
#PAN