မီဇိုရမ်ပြည်နယ်၊ စီဟားခရိုင်အတွင်း ချင်းအမျိုး သားတစ်ဦးထံမှ လေသေနတ်၁၉လက်နှင့်ကျည်များ ဖမ်းဆီးရမိ

(ပြည်တွင်း) မတ် ၈

     အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် (Mizoram)စီဟားခရိုင် (Siaha) အတွင်းမှာ မြန်မာနိုင်ငံသား၊ ချင်းအမျိုးသား တစ်ဦးထံကနေ လေသေနတ် (Air Rifles) ၁၉ လက် နဲ့ ကျည်ဆံ (Pellets) ၇၅,၀၀၀ ကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယ-မြန်မာနယ်စပ် လုံခြုံရေးကို တာဝန်ယူထားတဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့က သူတို့ရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာ (X/Twitter)မှာ သတင်းထုတ်​ပြန်ထားပါသည်။

     ဖမ်းဆီးရမိသူမှာ အသက် (၃၆) နှစ်အရွယ် ခါလျန် (Khar Lian) ဆိုသူဖြစ်ပြီး ၎င်းသည် မတူပီမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။ အချို့သတင်းများတွင် ၎င်းကို ချင်းလက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးဖြစ် ကြောင်း ဖော်ပြထားပါသည်။ ၎င်းကို မီဇိုရမ်ပြည် နယ်တောင်ပိုင်း၊ စီဟားခရိုင်၊ နီအောတလန် (Niawhtlang) ဧရိယာရှိ လောင်ဘန် (Lungbun) ရဲကင်းစခန်းအနီးမှာ အာသံရိုင်ဖယ်တပ် (Assam Rifles) နှင့် မီဇိုရမ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်ပါသည်။

     NX200 (4.5mm) လေသေနတ် – ၁၈ လက်၊ PX100 (4.5mm) လေသေနတ် – ၁ လက်၊ သံကျည်ဆံ (Pellets) – ၇၅,၀၀၀ (ဘူးပေါင်း ၁၅၀)၊ လေသေနတ်အတွက် မှန်ပြောင်း၊ စပရင်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါသည်။

         မြန်မာနိုင်ငံအတွင်း တိုက်ပွဲများကြောင့် ချင်းပြည် နယ်ဘက်တွင် လက်နက်ခဲယမ်း လိုအပ်ချက်ရှိနေသဖြင့် အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်တွင် ယခု ကဲ့သို့ မှောင်ခိုသယ်ယူမှုများကို အိန္ဒိယဘက်က ပိုမိုတင်းကျပ်စွာ စစ်ဆေးနေချိန်တွင် ဖမ်းဆီးရမိခြင်းဖြစ်ပါတယ်။ ဖမ်းဆီးရမိသူနှင့် ပစ္စည်းများကို နောက်ထပ်စုံစမ်းစစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်းသိရပါတယ်။

#PositiveAngle #Mizoram #AssamRifles #Siaha #AirRifles #BorderSecurity #Matupi #MyanmarCitizen
Telegram»…
https://t.me/positiveanglenews
#PAN