
(နိုင်ငံတကာ)မတ် ၈
ယနေ့ပြုလုပ်တဲ့ တရုတ်နိုင်ငံရဲ့ ၁၄ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အစည်းအဝေးရဲ့ ဘေးပန်းဆွေးနွေးပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က “အီရန်အစိုးရကို အဓမ္မပြောင်းလဲရန် ကြိုးပမ်းမှုကို လက်မခံ” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသရဲ့ အရေးကိစ္စတွေကို အဲဒီဒေသကနိုင်ငံတွေကပဲ ကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပြီး၊ အပြင်ပန်းကနေ “အရောင်တော်လှန်ရေး (Color Revolutions)” တွေ ဖန်တီးတာ ဒါမှမဟုတ် “အစိုးရအပြောင်းအလဲ (Regime Change)” လုပ်ဖို့ ကြိုးပမ်းတာတွေဟာ “ပြည်သူ့ထောက်ခံမှု ရရှိမှာမဟုတ်ဘူး (Will find no popular support)” လို့ သူက ပြတ်ပြတ်သားသား သတိပေးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် သူက “အင်အားကြီးတိုင်း တရားတာမဟုတ်ဘူး” (Might does not make right) လို့လည်း ထည့်သွင်းပြောကြားခဲ့ပြီး၊ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုခဲ့ပြီး စစ်မီးကူးစက်မည့်အရေးကို စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။
ဘေဂျင်းအစိုးရက အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ရေးလုပ်ဆောင်ချက်များကို “ချက်ချင်းရပ်တန့်ရန်” တောင်းဆိုလိုက်ပြီး အီရန်၏ အချုပ်အခြာ အာဏာကို လေးစားရန် ကမ္ဘာ့နိုင်ငံများကို သတိပေးလိုက်သည်။
ဒီသတင်းဟာ အမေရိကန်သမ္မတ ထရမ့်က အီရန်အစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ချက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ တရုတ်ဘက်ကနေ အီရန်ဘက်က အခိုင်အမာ ရပ်တည်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
ဝမ်ယိရဲ့ ပြင်းထန်တဲ့ သတိပေးချက်အပေါ် အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆို ခွင့်ရှိသူက အမေရိကန်အနေနဲ့ အီရန်အစိုးရကို ဖြုတ်ချဖို့ထက် အီရန်ရဲ့ အကြမ်းဖက်မှုနဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကနေ မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိတဲ့ အစ္စရေးကို ကူညီနေတာသာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် တရုတ်နိုင်ငံဟာ အီရန်ရဲ့ ရေနံကို အများဆုံး ဝယ်ယူပြီး စစ်ပွဲအတွက် ငွေကြေးထောက်ပံ့နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးအကြောင်း ပြောဖို့ အရည်အချင်းမရှိဘူး” လို့ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။
ထရမ့်ကတော့ လူမှုကွန်ရက်ကတစ်ဆင့် “တရုတ်က အီရန်ကို ကာကွယ်နေတာဟာ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားအတွက်ပဲ” လို့ ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက “ကျွန်ုပ်တို့ရဲ့ မြို့ကြီးတွေပေါ်ကို ဒုံးကျည်တွေ မိုးရွာသလို ကျနေချိန်မှာ ဘယ်သူ့ရဲ့ တားမြစ်ချက်ကိုမှ နားထောင်မှာမဟုတ်ဘူး” လို့ တုံ့ပြန်ပါတယ်။ ဒါအပြင် အစ္စရေး နိုင်ငံခြား ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံဟာ အကြမ်းဖက်မှုကို အားပေးတဲ့ အီရန်ဘက်က ရပ်တည်နေတာဟာ သမိုင်းမှာ အမှားကြီး မှားနေတာဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။
တရုတ်နိုင်ငံသည် အီရန်၏ အကြီးဆုံး ရေနံဝယ်ယူသူနှင့် စီးပွားရေးမဟာမိတ် ဖြစ်သည့်အတွက် ယခု ကဲ့သို့ ထွက်ပေါ်လာခြင်းမှာ အံ့သြစရာမဟုတ်သော် လည်း “အစိုးရအပြောင်းအလဲ” ကို တားဆီးခြင်းမှာ အမေရိကန်၏ ရည်မှန်းချက်ကို တိုက်ရိုက်စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။ ၎င်းသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တရုတ်နှင့် ရုရှားတို့က အီရန်ဘက်မှ ရပ်တည်ကာ အမေရိကန်ကို ဗီတိုအာဏာဖြင့် ပိတ်ဆို့လာနိုင်သည့် အခြေအနေကို ပြသနေသည်။
#PositiveAngle #IranIsraelWar #EnergyCrisis #BreakingNews #Tehran #Haifa #OilPrices
Telegram»…
https://t.me/positiveanglenews
#PAN