အီရန်စစ်ပွဲကြောင့် ထရမ့်နှင့် တွေ့ဆုံမည့် အစီအစဉ်ကို ဘရာဇီးသမ္မတ ဖျက်သိမ်း

(နိုင်ငံတကာ)မတ် ၈

     အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဘရာဇီးသမ္မတ လူလာ တို့ အိမ်ဖြူတော်တွင် မျက်နှာချင်းဆိုင် တွေ့ဆုံရန် စီစဉ်ထားသည့် အစီအစဉ်မှာ ပျက်ပြယ်သွားပြီဖြစ်သည်။ ဘရာဇီးအစိုးရဘက်က ဤဆုံး ဖြတ်ချက်သည် အရှေ့အလယ်ပိုင်းတွင် အမေရိကန် ၏ စစ်ရေးလှုပ်ရှားမှုများအပေါ် မကျေနပ်သည့် အတွက် ဖြစ်ကြောင်း အတိအလင်း အချက်ပြလိုက်သည်။

ဘရာဇီးသမ္မတ လူလာသည် အီရန်အပေါ် အမေရိကန်၏ စစ်ရေးတိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ဝေဖန်နေသူဖြစ်ပြီး၊ ယခုစစ်ပွဲသည် ဒေသတွင်း တည် ငြိမ်မှုကို ပျက်ပြားစေကာ ကမ္ဘာ့စီးပွားရေးကို ထိခိုက် စေသည်ဟု ယူဆနေသည်။

     နှစ်နိုင်ငံ ခေါင်းဆောင်များအကြား စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးရန် ရှိသော်လည်း၊ အမေရိကန်က အီရန်အပေါ် “ခြွင်းချက်မရှိ လက်နက်ချရန်” ဖိအားပေးနေသည့် အခြေအနေအောက်တွင် ဆွေးနွေးပွဲ မလုပ်လိုကြောင်း လူလာက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

​      ဘရာဇီးသည် BRICS အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် ရုရှား၊ တရုတ်တို့နှင့် နီးကပ်သော ဆက်ဆံရေးရှိရာ၊ ယခုလုပ်ရပ်သည် အနောက်အုပ်စု၏ စစ်ရေးမူဝါဒကို ဆန့်ကျင်သည့် နိုင်ငံရေးပြယုဂ်တစ်ခုလည်း ဖြစ်သည်။

     ဘရာဇီးသမ္မတ လူလာ က အိမ်ဖြူတော်တွေ့ဆုံပွဲကို အီရန်စစ်ပွဲအကြောင်းပြချက်နဲ့ ရုတ်တရက် ဖျက် သိမ်းလိုက်တဲ့အပေါ် အိမ်ဖြူတော်ဘက်က တုံ့ပြန်မှုဟာ ခါတိုင်းထက် ပိုမိုပြင်းထန်ကြောင်း တွေ့ရသည်။

     သမ္မတ ထရမ့်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီးဗစ် (Karoline Leavitt) က ‘ဘရာဇီးသမ္မတရဲ့ လုပ်ရပ်ကို “အလွန်စိတ်ပျက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်” လို့ ခေါ်ဆိုခဲ့ပါတယ်။ သမ္မတ ထရမ့်နဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး နှစ်နိုင်ငံစီးပွားရေး အကျိုး အမြတ်တွေကို ဆွေးနွေးမယ့် အခွင့်အရေးကို ဘရာဇီးဘက်က လက်လွတ်ဆုံးရှုံးခံလိုက်တာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

     လီးဗစ်က “အမေရိကန်ဟာ ကမ္ဘာ့လုံခြုံရေးအတွက် အီရန်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို ဖယ်ရှားနေတာဖြစ်ပြီး၊ ဘရာဇီးအနေနဲ့ ဒီလို အကြမ်းဖက်မှုကို အားပေးတဲ့ အစိုးရဘက်က ရပ်တည်နေတာဟာ မှားယွင်းတဲ့ ရွေးချယ်မှုဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ရဲ့ စစ်ရေးခြေလှမ်းတွေဟာ ဆွေးနွေးညှိနှိုင်းလို့ရမယ့် ကိစ္စမဟုတ်ဘူးဆိုတာကိုလည်း ပြတ်ပြတ်သားသား အချက်ပြခဲ့ပါတယ်။

     သမ္မတ ထရမ့်ကိုယ်တိုင်ကတော့ ဆိုရှယ်မီဒီယာကတစ်ဆင့် “ကျွန်ုပ်တို့နဲ့ မတွေ့ချင်တဲ့သူတွေကို ကျွန်ုပ်တို့ကလည်း အတင်းအကျပ် ဖိတ်ခေါ်မှာမဟုတ်ဘူး။ အမေရိကန်ဟာ သူ့ရဲ့ မဟာမိတ်စစ်စစ်တွေနဲ့ပဲ လက်တွဲသွားမှာဖြစ်တယ်” ဆိုတဲ့ သဘောမျိုး တုံ့ပြန်ခဲ့ပါတယ်။ ဒါဟာ ဘရာဇီးနဲ့ အမေရိကန်ကြားက ကုန် သွယ်ရေးဆိုင်ရာ ဦးစားပေးမှုတွေကို ပြန်လည်သုံးသပ်တော့မယ့် အရိပ်အယောင်လည်း ဖြစ်ပါတယ်။

     သမ္မတ ထရမ့်၏ “အမေရိကန်ကို (America First) မူဝါဒနှင့် အီရန်အပေါ် ပြင်းထန်သော စစ်ရေးခြေလှမ်းများသည် တောင်အမေရိက၏ အင်အားအကြီးဆုံးနိုင်ငံဖြစ်သော ဘရာဇီးနှင့် ဆက်ဆံရေးကို အေးခဲသွားစေခဲ့သည်။ ၎င်းသည် နိုင်ငံတကာ သံတမန်ရေးရာတွင် အမေရိကန်၏ အထီးကျန်ဖြစ်မှုကို ပိုမိုသိသာစေနိုင်ပါသည်။
#PositiveAngle #WhiteHouseReaction #TrumpVsLula #DiplomaticRow
Telegram»…
https://t.me/positiveanglenews

#PAN