မြစ်ကြီးနားလေဆိပ်တွင် ပုံမှန်အတိုင်းလေယာဉ်ပျံသန်းပြေးဆွဲနိုင်ရေး အမြန်ဆောင်ရွက်နေ စစ်ရာဇဝတ်မှုကို ပြည်သူလူထုတစ်ရပ်လုံးမှ ဝိုင်းဝန်းရှုံ့ချကြရန် လိုအပ်

(ပြည်တွင်း) ဖေဖော်ဝါရီ ၂၈

​မြစ်ကြီးနားလေဆိပ်ရှိ လေယာဉ်ရပ်နားနေရာ(apron) အနည်းငယ်ပျက်စီးခဲ့မှုကြောင့် မြစ်ကြီးနားလေဆိပ်၏ လေယာဉ်ပျံသန်းပြေးဆွဲမှုများအား ခေတ္တရပ်နားထားရန် လေယာဉ်မှူးအသိပေးစာ (NOTAM)အား ထုတ်ပြန်ထားပြီး  အများပြည်သူခရီးသွားလာရေးနှင့်ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးတို့အတွက် ပုံမှန်အတိုင်းလေယာဉ်ပျံသန်းပြေးဆွဲနိုင်ရေး အမြန်ဆောင်ရွက်နေကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ သတင်းထုတ်ထားသည်။

မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့ သို့ ခရီးသည်များတင်ဆောင်ပြီး ပြန်လည်ထွက်ခွာမည့် မြန်မာအမျိုးသား လေကြောင်းလိုင်း(MNA) မှ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်အား ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်  KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များက FPV suicide drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည် အလယ်ပိုင်းနှင့် နောက်မြီးပိုင်းတို့တွင် ဗုံးစထိမှန်၍ ထိခိုက်ပျက်စီးခဲ့ရခြင်းဖြစ်သည်။ 

စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူသွားလာရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် များစွာအထောက်အကူပြုသော အရပ်ဘက်လေကြောင်းလိုင်းအား ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသတင်းထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်သူလူထုအား တိုက်ရိုက်ထိခိုက်သော အကြမ်းဖက်တိုက်ခိုက်မှုကို ပြည်သူလူထုတစ်ရပ်လုံးမှ ဝိုင်းဝန်းရှုံ့ချကြရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

#PAN