(ပြည်တွင်း) ဖေဖော်ဝါရီ ၂၃
ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခဲ့သည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်နေကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၈၇ ဦးကို တပ်မတော် လေယာဉ်ဖြင့် မြန်မာနိုင်ငံသားများကို ယနေ့မွန်းလွဲပိုင်းတွင်မြိတ်မြို့၊ ညပိုင်းတွင်
မြန်မာနိုင်ငံသား ၈၁ ဦး ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့ သို့ ထပ်မံခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်အစိုးရအနေဖြင့်
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ မြန်မာနိုင်ငံသား ၁၀၈၆ ဦးအား မြန်မာ့လေကြောင်းလိုင်း (MAI)နှင့် တပ်မတော်လေယာဉ်များဖြင့် အသီးသီးပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး ယနေ့တွင်လည်း မြန်မာနိုင်ငံသား ၁၆၈ ဦးကို ပြန်လည်ခေါ်ဆောင် ပေးနိုင်ခဲ့သဖြင့် စုစုပေါင်း မြန်မာနိုင်ငံသား ၁၂၅၄ ဦး ပြန်လည်ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ကိုယ်တိုင်လာရောက်သတင်းပို့သည့် မြန်မာနိုင်ငံသားများနှင့်ကမ္ဘောဒီးယားနိုင်ငံမှ ရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာဌာနများက လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများ ပြည်ပတွင်နေထိုင်စဉ်ကာလအတွင်း အဆင်ပြေ
ချောမွေ့စေရန် သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ မြန်မာသံရုံးများမှတဆင့် အခက်အခဲများကိုတင်ပြတောင်းခံလာပါက လိုအပ်သည့်ကူညီစောင့်ရှောက်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။