ထရမ့်ရဲ့သမိုင်းတွင် မဟာဗျူဟာ အမှားလားStrategic Mistake

ဆောင်းပါးကဏ္ဍ(နေဇင်လတ်)
ဖေဖော်ဝါရီ ၁၇

    တစ်ကျော့ပြန် ထရမ့်သမ္မတဖြစ်တဲ့ အချိန်ကစပြီး ကမ္ဘာကြီးတစ်ခုလုံးအိုးထိန်းစက်ထဲအထည့်ခံလိုက်ရသလို သွက်သွက်ခါယမ်းသွားတာ တစ်နှစ်ရှိသွားခဲ့ပြီ။အားလုံးနေမြင့်လေ အရူးရင့်လေဖြစ်ကုန်ကြရတယ်။ အရင်သမ္မတတွေ လက်ထက်မှာရန်သူနိုင်ငံတချို့သာချောက်ချားခဲ့ကြရပေမယ့် ထရမ့် လက် ထက်မှာမဟာမိတ်တွေလည်းအိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရဘဝကို ချက်ချင်းရောက်ကုန်ကြတော့တာပဲ။

    အိမ်ဖြူတော်ကို မဝင်သေးခင်မှာကတည်းက ကနေဒါကို အမေရိကန်နိုင်ငံရဲ့ ၅၁ ပြည်နယ်ဖြစ်ချင်တယ်လို့ ထရမ့်ကပြောလိုက်ပြီး ဂရင်းလန်းဘက်လည်းမျက်စောင်းလှမ်းထိုးလိုက်သေးတယ်။ ကာကွယ်ရေး မဟာမိတ်ဖြစ်တဲ့ NATO ကိုလည်း အလွတ်မပေးဘူး။ ကာကွယ်ရေးအသုံး စရိတ်တွေမြှင့်ကြ၊ အမေရိကန်အနေနဲ့အားလုံးအတွက် ဝန်ကိုမထမ်းနိုင်တော့ဘူးလို့ သောကတွေ လှမ်းပေးလိုက်တဲ့အပြင် စီးပွားရေးမဟာမိတ်ဖြစ်တဲ့ EU ကိုလည်း “မင်းတို့အမေရိကန်က အမြတ်ထုတ်နေတာကြာပြီ။ အားလုံးကို ကုန်သွယ်ခွန်မြှင့်မယ်”လို့ အနေပျက်၊အစားပျက်အောင်လည်းလှမ်း“ဟောက်လိုက်ပြန်တယ်။

    အီရန်ကိုလက်သီးဆုပ်ပြလိုက်တဲ့အပြင် အဝေးကြီးမှာရှိနေတဲ့ အိန္ဒိယကိုလည်း မျက်စောင်းလှမ်းထိုးလိုက်သေးတယ်။အင်အားကြီးလာတဲ့ ရုရှားနဲ့တရုတ်တို့ကိုတော့ ပြုံးတစ်ခါမဲ့တစ်လှည့်နဲ့ ကျောချမ်းစရာအကြည့်တွေနဲ့ ကြည့်နေတယ်။

    Tariff War ဆိုတဲ့အခွန်စစ်နဲ့စလိုက်တာတစ်ကမ္ဘာလုံး ကြိမ်မီးအုံးဖြစ်ကုန်ကြတော့တယ်။ အမေရိကန်သမိုင်းတစ်လျှောက် တစ်ခါမှမကြုံဖူးခဲ့ရသေးတဲ့ အတွေ့အကြုံကို ထရမ့်က ပေးလိုက်တာ။

    အပြင်တင်ပဲလား
    Only External
    “ဟဲ့ပေါ်ဦး၊ အပြင်တင်ပဲလား”
    “မဟုတ်ပါ၊ အတွင်းလည်းပါပါ့ဘုရား”ဆိုသလို အမေရိကန်နိုင်ငံတွင်းမှာလဲ ပြည်သူတွေရော၊ ဌာနဆိုင်ရာတွေရော အားလုံးနေ့စဉ်တစ္ဆေအခြောက်ခံလိုက်ရပြန်တယ်။ Immigration ဆိုတဲ့ လူဝင်မှု ကြီးကြပ်ရေးဥပဒေကို တင်းတင်းကြပ်ကြပ်ကိုင်လိုက်ပြီး နယ်စပ်တွေပြန်ပိတ်တယ်။ တရားမဝင်နေထိုင်သူတွေကို ICE တွေလွှတ်ပြီး တရကြမ်းဖမ်းပစ်တယ်။ လူတစ်ဦး ICE ကြောင့် သေဆုံးသွားခဲ့ တာအပေါ်အကြောင်းပြုပြီး ဒီနေ့ မီနီဆိုးတားမှာကျောင်းသားတွေနဲ့ ပြည်သူတွေပေါင်းပြီးထောင်ပေါင်းများစွာအပြင်ထွက် ဆန္ဒပြလာကြတာတွေ့ရတယ်။

    ဖက်ဒရယ်လုပ်ပိုင်ခွင့်ကို ကျော်လွန်တယ်ဆိုပြီး ဖက်ဒရယ်ဥပဒေဆိုင်ရာ ပြည်နယ်တွေစုပြီး ထရမ့်ကို ဆန့်ကျင် တရားစွဲ ကြဖို့ပြင်ဆင်နေကြတယ်။ အိမ်ဖြူတော်ရောက်ရောက်ချင်း DOGE ကိုဖွဲ့၊ Elon Musk ကိုခေါင်းခံခိုင်းပြီးဝန်ကြီးဌာနတွေကို တရကြမ်းဝင်စစ်ခိုင်းတယ်။ အားလုံးကျီးလန့်စာတွေဖြစ်ကုန်ရော၊ တော်ရုံသမ္မတတွေ မထိမတို့ရဲတဲ့ FBI, CIA ဝန်ထမ်း ”ထောင်”ချီ အလုပ်ဖြုတ်ပစ်လိုက်တယ်။ Pentigon တောင်မလွတ်ဘူး။

    အမေရိကန်အတွက် နိုင်ငံတကာအပေါ် ခြေရှုပ်ပေးနေတဲ့ USAID ကို အမဲဖျက်လိုက်တာ မြင်မကောင်းဘူး။ ဝန်ထမ်း”သိန်း’ချီးအလုပ် ဖြုတ်ပစ်လိုက်တာ“ရာ”ဂဏန်းပဲကျန်တော့တဲ့အထိ၊ ဒါတောင်မှ လွှတ်တော်အတည်ပြုဖွဲ့ထားတဲ့အဖွဲ့ဖို့ နည်းနည်းပဲချန်ထားလိုက်တာ။

တစ်ရွာလုံးနဲ့ တစ်ယောက်
One vs The Rest

    တဖြည်းဖြည်းနဲ့ ထရမ့်ဟာ ပြည်တွင်းမှာရော၊ နိုင်ငံတကာမှာပါ တစ်ရွာလုံးနဲ့ တစ်ယောက်ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။ အရင်းနှီးဆုံးအားအကိုးရဆုံးမိတ်ဆွေကြီး Elon Musk နဲ့ သဘောထားစပြီးကွဲလွဲတယ်။ FBlတွေ “ထောင်ချီ ထွက်သွားကြတယ် (နောက်ပိုင်းသူတို့ ဒုက္ခပြန်ပေးကြလိမ့်မယ်)။ ဌာနဆိုင်ရာအကြီးအငယ်“သောင်း” ချီထွက်သွားကြသလို၊ အရင်ထရမ့်ကို ထောက်ခံကြတဲ့သူကြွယ်ကြီးတွေတောင် ထရမ့်နဲ့ခပ်တန်းတန်းဖြစ်ကုန်ကြတယ်။

    ကိစ္စတစ်ခုနဲ့ လွှတ်တော်မဲခွဲရာမှာ ရီပတ်ဘလစ်ကန်တချို့ ဒီမိုကရက်တွေနဲ့ ပေါင်းသွားတဲ့အထိ ရုပ်ဆိုးခဲ့တာတွေ့ရတယ်။ ကိုယ့်ဘက်ပါချင်ချင် အိန္ဒိယကို ရုရှားဆီက ရေနံဝယ်လို့ဆိုပြီး အခွန်တိုးတော့ အိန္ဒိယကပြတ်ပြတ်သားသားလက်ကာပြတဲ့အထိ ဖြစ်လာတယ်။

    ကနေဒါဆိုတာ အစဉ်အလာအရ အမေရိကန်နဲ့ နယ် မြေချင်းဆက်ရင်းနှီးကြသူတွေ၊မက္ကဆီကိုဆိုတာလည်း ကုန်သွယ်ဖက်ပါတနာ၊ တရုတ်ကို ကျော်ပြီး အမေရိကန်ရဲ့အကြီးဆုံးကုန်သွယ်ဖက်ဖြစ်လာတာ အခုကနေဒါရော၊ မက္ကဆီကိုရော ထရမ့်ကို “တာ့တာ” လုပ်ကုန်ကြပြီ။

    “မုန့်” မပါ -“တုတ်”ချည်းသာ
    No Carrot-Stick Only
    စောင်းကြိုးဆိုတာ လျော့လွန်းရင် “ခတ်” သလို၊ တင်းလွန်းရင်လည်း “ပြတ်”တဲ့သဘောရှိတယ်။ ပဝေသဏီကတည်းက ကျင့်သုံးလာပြီး ဒီနေ့အထိ မှန်ကန်တဲ့ကျင့်စဉ်၊ စီမံခန့်ခွဲရေးရဲ့ကျောရိုးက Reward und Punishment နိုင်ငံရေးမှာကျတော့ “Carrot and Stick” မုန့်နဲ့ တုတ်ပေါ့။ စီမံခန့်ခွဲမှုမှာက “ချီးမြှောက်ခြင်းနဲ့အပြစ်ပေးခြင်း”

    ထရမ့် လုပ်ခဲ့ သမျှလေ့လာလိုက်တော့အားလုံးက”တုတ်” တွေချည်းဖြစ်နေတာတွေ့ရတယ်။ တစ်ခု တလေမှ “မုန့်” ကိုမတွေ့ရဘူး။ မွေးကတည်းက တုတ်ကိုင်လာသူများလားမသိ၊ စိတ်နဲ့ မတွေ့တာနဲ့ ထရန်က တုတ်လှမ်းပြတော့တာပဲ၊ ဘယ်လောက်ဆိုးသလဲဆိုရင်အရင်းနှီးဆုံး UK ကိုတောင်မှ တရုတ်နဲ့ သွားတွေ့တော့ “အိမ်း.. မင်းပြန်လာရင်တုတ်စာတွေ့မယ်” လှမ်းကြိမ်းလိုက်သေးတယ်။

    EUခေါင်းဆောင်အမျိုးသမီး က Xi နဲ့သွားတွေ့သလို၊ ကနေဒါဝန်ကြီးချုပ်ကလည်း တရုတ်နဲ့ သွားတွေ့တယ်။ EU ခေါင်းဆောင်အမျိုးသမီးကို ထရမ့်က တုတ်ရမ်းပြလိုက်ပြီး ကနေဒါဝန်ကြီး ချုပ်ကိုတော့ ရာခိုင်နှုန်း ၁ဝဝ Tarift နဲ့ ရိုက်ပစ်လိုက်ပြီ။ နောက်ဆုံးတုတ်က အတော်ရိုက် အားပြင်းတယ်။ ရုရှားဆီက ရေနံဝယ်တဲ့ နိုင်ငံတွေအားလုံးကို အခွန်ရာခိုင်နှုန်း ၅ဝဝ ကောက်မယ်လို့ ခြိမ်းခြောက်လိုက်တယ်။ ထရမ့်ထုတ်သုံးခဲ့သမျှတုတ်တွေထဲမှာ အကြီးဆုံးပဲ။ ဝါးရင်းတုတ်မကတော့ဘူး။ တင်းပုတ်အဆင့်ရောက်သွားပြီ။

    ထရမ့်အနေနဲ့ Carrot ဆိုတဲ့ မုန့်ကို သုံးဖို့များမေ့နေရော့သလား။

ကိုယ်တိုင်သတ်သေခြင်း(သို့)တစ်ဆင့်မြင့် Suicide (or) The Next Level

    ထရမ့်လုပ်ခဲ့ကိုင်ခဲ့ တာတွေကိုသုတေသနလုပ်ကြည့်တဲ့အခါမှာ
– ကမ္ဘာ့ပညာရှင်တွေကပဲ လိုက်မမှီတာလား။ ထရမ့်ကိုယ်တိုင်ကပဲ Stralegic Mistake ဆိုတဲ့ မဟာဗျူဟာ အမှားကိုကျူးလွန်နေတာလား။
– ဒါမှမဟုတ် ထရမ့်ရဲ့ အတွေးအခေါ်နဲ့ရှုမြင်ပုံတွေက အားလုံးထက်တစ်ဆင့်မြင့်တန်း Next Level ကိုရောက်နေတာလား။

    ဒီနေရာမှာ နှစ်ပိုင်းခွဲလေ့လာကြည့်မိတယ်။ ပထမတစ်ပိုင်းက (၂၀၁၆ – ၂ဝ၂၁)ထရမ့်သမ္မတပထမသက်တမ်းရဲ့ Rcport Card၊ အမေရိကန်မှာ သမ္မတတွေ သက်တမ်းတစ်ခုပြီးတိုင်းအကဲဖြတ်ဘုတ်အဖွဲ့က Assessnet လုပ်တဲ့ Score ပေးပြီး ဘယ်လောက်တော်ခဲ့သလဲဆိုတာကို Top – Down စီပေးလေ့ရှိတယ်။ ထရမ့်ပထမသက်တမ်းအရအညံ့ဆုံး သမ္မတငါးယောက်မှာ နံပါတ်နှစ်ချိတ်တယ်။ စီးပွားရေး နိုင်ငံရေး စသဖြင့် ပြောရလောက်အောင်မတိုးတက်ခဲ့ဘူး။

    ဒုတိယ သမ္မတသက်တမ်း ပထမနှစ်ကုန်ပြီ၊ အိမ်ဖြူတော်မဝင်မီက မိုးခြိမ်းသံပေးခဲ့တဲ့ ထရမ်ဟာ အိမ်ဖြူတော်ကို ခြေချတဲ့နေ့ကစပြီး မနားတမ်းကမ္ဘာကြီးကို ငလျင်လှုပ်ခဲ့တယ်။ နောက်ဆုံး အိမ်နီးနားချင်း (မက္ကဆီကို၊ ကနေဒါ)၊ အရင်းဆုံးမဟာမိတ် UK ၊ စီးပွားရေးမဟာမိတ် EU၊ ကာကွယ်ရေးမဟာမိတ် NATO စသူတွေအားလုံးပြေးကြပြီ။ အစ္စရေးတစ်နိုင်ငံပဲကျန်တော့တယ်။ အစ္စရေးကလည်းပထဝီနိုင်ငံရေး အရ US မရှိရင် မရှင်သန်နိုင်လို့မချစ်သော်လည်း အောင့်ကာနမ်းနေရတဲ့ပုံ။

ကိုယ်လက်နဲ့ကိုယ်သေဗျူဟာဖြစ် နေပြီ
Self-Defeating Strategy

    American First ဆိုပြီးရော၊ Make America Great Again ဆိုပြီးရော ကြွေးကြော်ပြီးတက်လာတဲ့ထရမ့်ရဲ့စကားလုံးတွေကအလွန်အားရှိစရာပါ။ (အမှန်တကယ်က ဟစ်တလာအရင်သုံးသွားတဲ့ Make Germany Great Again ကို လူတွေမေ့လောက်မှ ထရမ့်က ပြန်သုံးခဲ့တာ) ယေဘုယျပြောရရင် Make America Great Aginဆိုတဲ့ ထရမ့်ရဲ့ Agenda အောက်မှာ American First Doctrine ဆိုတဲ့ ထရမ့်ဝါဒကို ကျင့်သုံးတယ်လို့ သုံးသပ်နိုင်လိမ့်မယ်။ Trump Doctrine ကို လက်တွေ့ အကောင်အထည်ဖော်ရာမှာ Trill War က မဟာဗျူဟာတစ်ခုဖြစ်လာတယ်။ အားလုံးကို အရင်းအဖျား မရွေး “တုတ်ပြ”တဲ့ ဗျူဟာက အလုပ်ဖြစ်ခဲ့ပါလား။

    ဗင်နီဇွဲလားကို အင်အားသုံးပြီး သမ္မတမာဒူရိုကို ကြက်ကလေး၊ ငှက်ကလေးလို ဖမ်းသွားတာကို မဟာမိတ်တွေတောင် လက်ခံနိုင်ခဲ့ပါလား။Greenland ကိုစစ်ရေးအပါအဝင် ရတဲ့နည်းနဲ့ယူမယ်ဆိုတဲ့ နည်း ဗျူဟာက ရန်သူကို ကြောက်ရွံ့သွားစေခဲ့သလား။ ဒါမှမဟုတ် ရန်သူဘက်ကိုစုစည်းမိစေပြီး ကိုယ့်ကိုပြန်ဆန့်ကျင်စေခဲ့ပါသလား။

    Opportunity Cost ဆိုတာရှိတယ်။ တစ်ခုကို ရွေး ချယ်လိုက်တဲ့အတွက် အခြားတစ်ခုကို စွန့်လွှတ်လိုက်ရတဲ့ တန်ဖိုးကို ခေါ်တာပါ။ ဒီတုတ်ပြမဟာ ဗျူဟာကို ရွေးလိုက်တဲ့အတွက် အပေါင်းလက္ခဏာထက် အနုတ်လက္ခဏာက များနေရင်ရှုံးတယ်။ တစ်နည်းပြောရရင် မဟာဗျူဟာရွေးချယ်မှု မှားတယ်လို့ သတ်မှတ်ပါတယ်။

    ဆိတ်တွေမှာ ချိုတွေရှိကြတယ်။ ရန်ကိုကာကွယ်ဖို့ သဘာဝက ပေးအပ်ထားတယ်။ လိုအပ်တာထက်ပိုရှည်၊ လိမ်ကောက်ကွေးပြီး ကိုယ့်မျက်နှာကိုယ်ပြန်စူးတဲ့ ဆိတ်တွေကို တွေ့ဖူးကြမှာပေါ့။ အခုထရမ့်ရဲ့ Agenda၊ရော၊ Doctrine ရောကောင်းပေမယ့် လက် တွေ့အကောင်အထည် ဖော်တဲ့ မဟာဗျူဟာရွေးချယ်မှုမှားခဲ့တာကြောင့် ကိုယ်ဖော်တဲ့ဆေးကိုယ်စား၊ကိုယ့်လက်နဲ့ကိုယ်သေရ မလိုဖြစ်နေတာကိုတွေ့ရတယ်။ တွေ့တဲ့သူတိုင်းကို တုတ်ပြ(ပါဝါသုံးခြင်း) တတ်လွန်းတော့ Alliance Alication ဆိုတဲ့ မဟာမိတ်တွေရဲ့ယုံကြည်မှုအဆိုးဆုံးပျက်ပြားခြင်းကို ခံလိုက်ရပြီ။ မဟာဗျူဟာ အမှားရဲ့ တန်ပြန်မှုကိုခံရခြင်း Strategic Backfire ဖြစ်လာတယ်။

    အမှန်ကတော့ အင်အားပြပြီး လိုချင်တာ၊ ဖြစ်ချင်တာကို ပုံသွင်းယူချင်တာပါ။ ဒါပေမဲ့ အခြေအနေတွေလုံးဝမတူတော့တာကို ထရမ့်သတိမထားမိလိုက်ဟန်ရှိတယ်။ ပြချင်တာက Hegemonic Power ဆိုတဲ့ ဗိုလ်ကျစိုးမိုးရေးပါဝါဖြစ်လာတာက Heperronic Self- Ero-sion ကိုယ့်အခြေအနေနဲ့ပါဝါကို ကိုယ်တိုင်လျော့ချလိုက်သလိုဖြစ်သွားတယ်။ ဥပမာပေးရရင် အီရန်ကိုတိုက်မယ့်ကိစ္စမှာ NATO ကဘေးထွက်နေလိုက်ပြီး အီရန် – ရုရှား – တရုတ်သုံးဦး ကာကွယ် ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် လက်မတင်လေးချုပ်ဆိုလိုက်ခဲ့တယ်။တစ်လောကလုံးကို တုတ်ပြခဲ့တဲ့အတွက်ကြောင့် မဟာမိတ်တွေနောက်ဆုတ်သွားတာဟာ Strategic Backfire ဖြစ်သွားခဲ့ရခြင်းပါပဲ။

    ဒီတော့ ကမ္ဘာ့သတင်းတွေထဲမှာထရမ့်နဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ထွက်ပေါ်လာတယ်။
    A madman
    A PR genius
    PR (Public Relations)
    ထူးချွန်သူဖြစ်မဖြစ်ကို Obama နဲ့ နှိုင်းယှဉ်လိုက်ရင် သိသိသာသာကွာခြားတာတွေ့ရပါလိမ့်မယ်။ ဒါဆိုရင် ထရမ့်ဟာ Midran ရယ်လို့ပြောရတော့မလိုပါပဲ။

    American First နဲ့ Make America Great Again ဆိုတဲ့ ထရမ့်ဟာအမှန်တကယ်အလုပ်ဖြစ်ရလဒ်ထွက်ခဲ့သလားဆိုတာကိုစစ်တမ်းကောက်လိုက်ရင် မဟာဗျူ ဟာအမှားကြောင့် Self – Delating ဖြစ်နေတာကိုပဲ တွေ့လိမ့်မယ်လို့သာ မြင်မိပါတယ်။

#PAN