အကြမ်းဖက်အဖွဲ့  ၂ ဖွဲ့ တိုက်ပွဲဖြစ်

(ပြည်တွင်း) ဖေဖော်ဝါရီ ၁၇

အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ NUG ရဲ့ MOD အဖွဲ့တွေနဲ့ BNRA အဖွဲ့တွေအကြားမှာ ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် တမာပင်ဂွရွာရဲ့အနောက်ဘက်ကွင်းပြင်နဲ့ ပုလဲမြို့နယ် ချင်ပြစ်ဆေးရုံ အနီးမှာ ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ပိုင်း(၇) နာရီခန့်ကစတင်ကာ အပြန်အလှန် ပစ်ခတ်နေကြတယ်လို့ သိရပါတယ်။

BNRA ရဲ့ အကြမ်းဖက်ခေါင်းဆောင်
နဂါးကတော့ ” BNRA ဂိတ်စခန်းတွေကို လက်နက်ကြီးပစ်ခတ်တာတွေ ဒရုန်းနဲ့ပါတိုက်ခိုက်နေတာတွေ ပြုလုပ်နေတယ်လို့ ပြောဆိုထားပါတယ်။

NUG ဟာ အစိုးရအမည်ခံထားပြီး KIA ကဦးဆောင်တာဟာ အကျည်းတန်သော လုပ်ရပ် အံ့သြဖွယ် ဆိုးသွမ်းမှုလို့ နဂါးကအဖွဲ့ကပြောထားပါတယ်။

NUGဟာ ယင်းမာပင်ခရိုင်အတွင်းက လူဦးရေအများအပြားသတ်ဖြတ်မှုတွေ၊ တိုင်း/ခရိုင်အတွင်း လူသတ်မှု ဓါး၊ပြမှု၊ မုဒိမ်းမှု၊ မူးယစ်မှုတွေနဲ့ ပြန်ပေးဆွဲမှုတွေကျူးလွန်းနေတယ်လို့လည်း ဆိုပါတယ်။

အခုလိုပစ်ခတ်မှုတွေဖြစ်ပွားတာဟာမုံရွာမြို့က နဝတ်ရွှေဆိုင်ကိုဓားပြတိုက်ရာမှာပါဝင်တဲ့ NUG လက်အောက်ခံအဖွဲ့က “ဂတုံး”ရဲ့ BNRA ကအငှားချထားတဲ့ လက်နက်ကို ဖဲဝိုင်းမှာ သွားရောက်သိမ်ဆည်းစဥ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဂတုံးသေဆုံးရာကစတင်တာလို့ အကြမ်းဖက်အဖွဲ့တွေရဲ့ထုတ်ပြန်ချက်မှာဖော်ပြချက်အရ သိရပါတယ်။

#PAN