မင်္ဂလာဒုံတွင် ယာဉ်တိုက်မှုဖြစ်ပြီး လူနှစ်ဦး ညှပ်မိ

(မှုခင်း) ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်း၊ နွယ်ခွေကျေးရွာအနီးတွင် ယနေ့နံနက်၁၀နါရီ ယာဉ်တိုက်မှုဖြစ်ပြီး လူညပ်နေကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဥ်တိုက်မှုဖြစ်ပွားသည့် နေရာသို့ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ပတ္တမြားလူငယ် ပရဟိတအသင်းနှင့် မဇ္ဇမလှိုင်ပရဟိတအသင်းတို့မှ ယာဉ်ဖြင့် အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။