မြို့နယ်၂မြို့နယ်၌ လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ

(မှုခင်း) ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်နှင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တို့၌ ဖေဖော်ဝါရီလ ၂ ရက်နေ့က လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်၊ သာယာကုန်းကျေးရွာ၊ ညောင်ရွှေ-အေးသာယာလမ်းပေါ်၌ ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်တွင် ညောင်ရွှေမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် အေးသာယာဘက်မှ ညောင်ရွှေဘက်သို့ ချစ်ကိုကို(ခ)ချစ်ကို(၂၆)နှစ် မောင်းနှင်လာသည့် 49W-xxxx Circular Click CCR 125 ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါဆိုင်ကယ်နှင့် ပတ်သက်သည့်အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိသည့်အတွက် လိုင်စင်မဲ့ဆိုင်ကယ်ဖြစ်သည်ဟု စစ်ဆေးတွေ့ရှိခဲ့‌ေကြာင်းသိရသည်။

လိုင်စင်မဲ့ဆိုင်ကယ် စီးနှင်းသူ ချစ်ကိုကို (ခ)ချစ်ကိုအား ညောင်ရွှေမြို့မရဲစခန်း (ပ)၁၂/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အရေးယူထားကြောင်း သိရသည်။

အလားတူ အစင်ကျေးရွာနေ သန့်ဇင်အောင်(ခ)အောင်ကြီး(၄၁)နှစ် မောင်းနှင်လာသည့် Honda Wave 125 ဆိုင်ကယ်နှင့် ရေးမြို့နယ်၊ အောင်မေတ္တာရပ်ကွက်၊ ဒုံဝန်းလမ်းနေ ပြည့်စုံ(၂၇)နှစ် မောင်းနှင်လာသည့် Honda Click ဆိုင်ကယ်တို့အား မွန်းလွဲ ၃ နာရီခွဲအချိန်တွင် သံဖြူဇရပ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေ လှည့်ကင်းဆောင်ရွက်စဉ် ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါဆိုင်ကယ်များနှင့် ပတ်သက်သည့်အထာက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိသည့်အတွက် လိုင်စင်မဲ့ဆိုင်ကယ်များဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရကြောင်းသိရသည်။

၎င်းလိုင်စင်မဲ့ဆိုင်ကယ် စီးနှင်သူသန့်ဇင်အောင်(ခ)အောင်ကြီးနှင့် ပြည့်စုံတို့အားသံဖြူဇရပ်မြို့မရဲစခန်း (ပ)၁၈/၂၀၂၆ နှင့်သံဖြူဇရပ်မြို့မရဲစခန်း (ပ)၁၉/၂၀၂၆ တို့တွင်ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။