ပြည်ခိုင်ဖြိုးအနိုင်ရရှိတဲ့ မြန်မာ့ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားတယ်လို့ သတရုတ်ပြော

(ပြည်တွင်း) ဖေဖော်ဝါရီ ၅

ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့တဲ့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ  မြန်မာနိုင်ငံပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားတယ်လို့ တရုတ်နိုင်ငံကပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အနေနဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့အပေါ်  တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲ ရလဒ်နဲ့ပတ်သက်ပြီး မည်သို့မှတ်ချက်ပြုလိုပါသလဲဆိုတဲ့ မီဒီယာတွေရဲ့ မေးမြန်းချက်အပေါ် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian က အခုလိုပြန်လည်ဖြေကြားခဲ့တာဖြး်ပါတယ်။

ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို သူတို့နိုင်ငံရဲ့ ကိုယ်ပိုင်အခြေအနေနဲ့ ကိုက်ညီမှုရှိတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို လျှောက်လှမ်းဖို့ ထောက်ခံတယ်လို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံ အဖွဲ့အစည်းဘက်အသီးသီးတို့က ပိုမိုကျယ်ပြန့်၊ ခိုင်မာ၊ ကြာရှည်၊ တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေးကို အကောင်အထည်ဖော်ပြီး နိုင်ငံရေးအခြေအနေ တည်ငြိမ်အောင် ပူးပေါင်းထိန်းသိမ်းကြဖို့ကိုလည်း ထောက်ခံတယ်လို့ ဆိုပါတယ်။

ဒါအ​ပြင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပြန်လည်ရရှိစေဖို့ အပြုသဘော ဆောင်တဲ့ အကူအညီတွေ ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

#PAN