နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွားရာ ယာဥ်မောင်းဖြစ်သူ သေဆုံး

(မှုခင်း) ဖေဖော်ဝါရီ ၅

နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၅၇/၇)နှင့်(၁၅၇/၆)ဖာလုံကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဥ်တိုက်မှုဖြစ်ပွားရာနေရာသို့ သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုပရဟိတအသင်းအဖွဲ့များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း ကျား(၁)ဦး သေဆုံးခဲ့ပြီး၊ မ (၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၎င်းတို့အား တောင်ငူ (192) ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် တောင်ငူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။