
(မှုခင်း) ဖေဖော်ဝါ ၃
မွန်ပြည်နယ် ဘီးလင်မြို့နယ် တောင်စွန်းနယ်မြေရဲစခန်းက ရဲ ဒုတပ်ကြပ်တစ်ဦးကို PDF အကြမ်းဖက်သမားတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
ဘီးလင်းမြို့တောင်စွန်းနယ်မြေရဲစခန်းက ဒုရဲအုပ် ဖုန်းမြင့်နိုင်နဲ့ ရဲဒုတပ်ကြပ်ဇော်မင်းထွန်း တို့ဟာ နယ်မြေအတွင်း လောင်းကစားမှုတွေဖမ်းဆီးရမိရေးအတွက် တောင်စွန်းနယ်မြေရဲစခန်းက ထွက်ခွာလာချိန် ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်ခန့်မှာ ကော့ကဒွတ်ကျေးရွာနဲ့ ယွန်းဒလင်းကုန်းကျေးရွာကြားက လမ်းမဘေးရှိတဲ့ မစီလေးထမင်းဆိုင်မှာ ထမင်းစားသောက်နေစဉ် အကြမ်းဖက်အဖွဲ့က လာရောက်ပစ်ခတ်သွားတယ်လို့ သိရပါတယ်။
ထမင်းဆိုင်မှာ ထမင်းစားသောက်နေတဲ့ ရဲ ဒုတပ်ကြပ် ၂ ဦးကို ဆိုင်ကယ် ၃ စီး လူ ၆ ဦးက ကော့ကဒွတ်ကျေးရွာဘက်ကရောက်ရှိလာပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရဲဒုတပ်ကြပ် ဇော်မင်းထွန်းဟာ ကျည်ထိမှန်ဒဏ်ရာတွေ ရရှိကာသေဆုံးသွားတယ်လို့ သိရပါတယ်။