

(ပြည်တွင်း)ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ ဂုမ္မကွင်းကျေးရွာ၊ မိုင်တိုင်အမှတ် (၁၂၀/၂) တွင် ယမန်နေ့ည ၈နာရီအချိန်က ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးနေအိမ်ခြံဝန်းအတွင်းရှိ သစ်ပင်အား ဝင်ရောက် တိုက်မိမှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယာဥ်တိုက်မှုဖြစ်ပွားသည့်နေရာသို့ ကြို့ပင်ကောက် မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)အား မြတ်မွန်စေတနာလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ကြို့ပင်ကောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။