အေးသာယာတွင် ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အားဝင်တိုက်မှုဖြစ်ပွား

(မှုခင်း)ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အေးသာယာဂေါက်ကွင်းရှေ့၊ ပြည်ထောင်စုလမ်းမကြီးတွင် ယမန်နေ့ည ၉နာရီခွဲအချိန်က ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အားဝင်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ယာဥ်တိုက်မှုဖြစ်ပွားသည့်နေရာသို့ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အေးသာယာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် ကျား(၁)ဉီး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား လင်းယုန်လူငယ်လူမှုကူညီရေးယာဉ်ဖြင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။