
(ပြည်တွင်း) ဇန်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်က မဲရုံတွေကို နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ရွေးကောက်ပွဲကျင်းပတဲ့ ဒီနေ့မနက်ပိုင်းမှာ လာရောက်လေ့လာကြတယ်လို့ သိရပါတယ်။

၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ဒီနေ့ ဇန်နဝါရီ(၂၅)ရက် မနက်(၆)နာရီကသပြီး စတင်ကျင်းပနေတာဖြစ်ပါတယ်။

နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေဖြစ်တဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံကကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်အဖွဲ့၊ နီပေါနိုင်ငံရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်အဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံက ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံကကိုယ်စားလှယ်အဖွဲ့၊ အိန္ဒိယနိုင်ငံကကိုယ်စားလှယ်နဲ့ International Conference of Asian Political Parties (ICAPP) စတဲ့အဖွဲ့တွေ လာရောက်လေ့လာနေကြတာလို့ သိရပါတယ်။

အဆိုပါအဖွဲ့တွေဟာ သာကေတမြို့နယ် အမှတ်(၇)ရပ်ကွက်(အနောက်)ရှိ မဲရုံအမှတ်(၁)၊ မဲရုံအမှတ်(၂)နဲ့ မဲရုံအမှတ်(၃)ကိုရောက်ရှိခဲ့ပြီး မဲဆန္ဒရှင်ပြည်သူတွေ လွတ်လပ်စွာဆန္ဒမဲပေးနေမှု၊ မဲရုံတာဝန်ရှိသူတွေက ပြည်သူတွေ အစဥ်ပြေစွာ ဆန္ဒမဲပေးနိုင်ရေးကူညီဆောင်ရွက်ပေးနေမှုတွေကို လေ့လာကြည့်ရှုကြပါတယ်။
ဆက်လက်ပြီး မဲရုံတာဝန်ထမ်းဆောင်ကြသူတွေနဲ့ လွတ်လပ်စွာဆန္ဒမဲလာရောက်ပေးကြသူတွေကို သိရှိလိုတာတွေကို ဆွေးနွေးမေးမြန်းခဲ့ကြတယ်လို့ သိရပါတယ်။

#PAN