
(ပြည်တွင်း) ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း လူဦးရေ ၁ သန်းခန့်ရှိပြီး ဒေသတွင်း စားရေးဖူလုံမှုကို ဖော်ဆောင်ပေးနိုင်ဖို့လိုတယ်လို့ နိုင်ငံတော်ယာယီသမ္မတပြောဆိုလိုက်ပါတယ်။
ဒေသတွင်းလိုအပ်ချက်နဲ့ ထုတ်လုပ်မှု မျှတမှုမရှိပါက ကုန်ဈေးနှုန်းများကြီးမြင့်မှုကိုဖြစ်ပေါ်စေမှာဖြစ်ပြီး ဌာန ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မိမိတို့တာဝန်ထမ်းဆောင်ရတဲ့ ဒေသရဲ့လူမှု စီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်စေရေး မည်ကဲ့သို့ဆောင်ရွက်သွားမယ်ဆိုတာကို စဉ်ဆက် မပြတ် တွက်ချက်နေရန်လိုတယ်လို့ နိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒေသအကျိုးကို ဖော်ဆောင်ပေးနိုင်တဲ့ နိုင်ငံ့ဝန်ထမ်းတွေဖြစ်ကြဖို့လိုပြီး ဒေသတွင်းနေထိုင်ကြသူတွေ စားရေးကို သက်သာစွာနဲ့ ဝယ်ယူစားသုံးနိုင်ရေး ဒေသတွင်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကို ဖူလုံစွာ ထုတ်လုပ်ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမယ်လို့လည်း မှာကြားခဲ့တယ်လို့ သိရပါတယ်။
ပညာတတ်လူသားအရင်းအမြစ်ကောင်းတွေ မွေးထုတ်ပေးနိုင်ရေး အခုလိုဆောင်ရွက်ပေးနိုင်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်ကောင်းတွေ မဖြစ်မနေရရှိဖို့ လိုအပ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း တန်းစဉ်ကူး ပြောင်းမှုတွေ လျော့နည်းနေတာကို တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။
ပညာရေးမှာ ကျောင်းနေ ရာခိုင်နှုန်းမြင့်မားရေးနဲ့ တန်းစဉ်ကူးပြောင်းမှု မြင့်မားရေးကို မဖြစ်မနေမြှင့်တင် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ၊အတန်းပညာတွေရှိမှသာ အတတ်ပညာတွေကို သင်ကြားနိုင်မှာဖြစ်သလို၊ အတတ်ပညာတွေမရှိပါက စီးပွားရေးအရဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ဖို့ ခက်ခဲကြပ်တည်းနေမှာဖြစ်တယ်လို့ နိုင်ငံတော်ယာယိသမ်မတက ပြောပါတယ်။
မိမိတို့နိုင်ငံဟာ စိုက်ပျိုးရေးမွေးမြူရေးကို အဓိကထားလုပ်ဆောင်ကြတဲ့ နိုင်ငံဖြစ်တာကြောင့် စိုက်ပျိုး ရေးမွေးမြူရေးဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်တွေ အများအပြားပေါ်ထွက် လာစေရေးနိုင်ငံတော်အနေနဲ့ အလေးထားဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
မိုင်းရယ်၊ သီပေါဒေသအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာ အများအပြားကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သမ္မာအာဇီဝမကျတဲ့နည်းလမ်းတွေနဲ့ ပိုက်ဆံရှာနေကြ ခြင်းပင်ဖြစ်ပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးစေတဲ့ မူးယစ်ဆေး ဝါးထုတ်လုပ်တဲ့လုပ်ငန်းတွေကို လုပ်ဆောင်နေကြခြင်း၊ မိမိတို့နေထိုင်တဲ့ လူမှု ပတ်ဝန်းကျင်မှာ လုပ်ကိုင်နေကြခြင်းကို ခွင့်ပြုထားကြတာမှာ အသိပညာ အား နည်းခြင်းကြောင့်ပင်ဖြစ်တယ်လို့လည်း ပြောပါတယ်။
ပညာရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသားဒေသတွေမှာ ဘာသာစကားအခက်အခဲတွေရှိတာကြောင့် ပညာရေးအားနည်းချက်တွေ ဖြစ်ပေါ်စေလျက်ရှိ တာကိုလည်း စိစစ်တွေ့ရှိရတာကြောင့် မြို့မိမြို့ဖတွေရဲ့ တင်ပြချက်တွေမှာပါဝင်တဲ့ သင်ကြားရေးဆိုင်ရာ ဆရာ၊ ဆရာမ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရေးနဲ့ ပတ်သက်ပြီး ပညာရေးဝန်ထမ်းလိုအပ်ချက်တွေဖြစ်ပေါ်နေမှုကို ဖြည့်ဆည်းပေးနိုင်ရေး စနစ်တကျနဲ့ လေ့ကျင့်မွေးထုတ်ပေးနေတယ်လို့ပြောဆိုထားပြီး အဆင့်အလိုက် ပညာရေး ဝန်ထမ်းလိုအပ်ချက်တွေကို တတ်နိုင်သမျှဖြည့်ဆည်းပေးနိုင်ရေး နိုင်ငံတော်ကလည်း ကြိုးပမ်းဆောင်ရွက်နေသလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လွှမ်းခြုံမိစေရေး မိမိ တို့အနေနဲ့ ဦးစွာ ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ နိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာရှိတဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ မြို့မိမြို့ဖတွေကို မြို့တော်ခန်းမမှာတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေကို