
(ပြည်တွင်း) ဒီဇင်ဘာ ၂၃
ထားဝယ်လေဆိပ်ကို နိုင်ငံတကာမှာ အသုံးပြုနေတဲ့လေယာဉ်ကြီးများ ဆင်းသက်နိုင်ရန်အတွက် အဆင့်မြှင့် တင်မည်ဖြစ်ကြောင်း သိရပါတယ်။
အခုလိုအဆင့်မြှင့်တင်ခြင်းလုပ်ငန်းက Cargo လေယာဉ်ကြီးများဆင်းသက်နိုင်ရန် အဓိကရည်ရွယ်၍ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။
လက်ရှိ ထားဝယ်လေဆိပ်က ပြေးလမ်းအရှည်ပေ ၁၂,၀ဝဝ နှင့် အကျယ်ပေ ၁၀ဝ ရှိကာ လေယာဉ်ကွင်း ဧရိယာ စုစုပေါင်း ၃၆၄ ဒသမ ၆၇၇ ဧကခန့်ရှိပါတယ်။
ဒါ့အပြင် လေယာဉ် ရပ်နားရန် ပေ ၂၀ဝ ကျော်အကျယ်ရှိ ကွင်း ၂ ခု နှင့် ပေ ၆၀ဝ x ၃၀ဝ အကျယ်ရှိ ကွင်း ၁ ခု ရှိကာ ပြည်တွင်း၌ ပြေးဆွဲနေတဲ့ လေယာဉ် ၅ စင်း တစ်ပြိုင်တည်းရပ်နားနိုင်တယ်လို့ သိရပါတယ်။
လေယာဉ်ပြေးလမ်းအပါအဝင် အဆောက်အဦ များပါတည်ဆောက်မြှင့်တင်မည်ဖြစ်ပြီး လုပ်ငန်းများအကောင်ထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါတယ်။
အခုလိုထားဝယ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ပြီးပါက ထားဝယ်ဒေသမှာ အကောင်အထည်ဖော်မည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍ များစွာအကျိုးရှိလာနိုင်ကြောင်းလည်း သိရပါတယ်။