
(မှုခင်း) ဒီဇင်ဘာ ၂၂
PDF အကြမ်းဖက်သမားတွေဟာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ရေတွင်းကြီးကျေးရွာက ဘုန်းကြီးကျောင်းအတွင်းကို ဝင်ရောက်ပစ်ခတ်တာကြောင့် ဒေသခံတစ်ဦးဟာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က ညောင်ဦးမြို့နယ်၊ ရေတွင်းကြီးကျေးရွာမှာနေထိုင်တဲ့ ဦးအောင်ကျော်မိုး(၅၃)နှစ်ဟာ အဆိုပါကျေးရွာက ဘုန်းကြီးကျောင်း၌ ရှိနေစဉ် PDF အကြမ်းဖက်သမားတွေက လာရောက်ပစ်ခတ်ကြတာလို့ သိရပါတယ်။
PDF အကြမ်းဖက်တွေရဲ့ ပစ်ခတ်မှုကြောင့် ဦးအောင်ကျော်မိုးမှာ ကျည်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ဆေးကုသနိုင်ဖို့အတွက် ချောက်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။