
(ပြည်တွင်း) ဒီဇင်ဘာ ၁၁
တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးဒုတိယနေ့ကို ဒီဇင်ဘာလ ၁၀ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Jasmine ဟိုတယ်၌ ဆက်လက်ကျင်းပခဲ့ပါတယ်။
အဆိုပါအစည်းအဝေးမှာ မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို ဆွေးနွေးပြီးနောက် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌများက ဆွေးနွေးချက်များ အပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီနောက် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌများဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်နှင့် ရုရှားတပ်မတော်ကြည်းတပ်ဖွဲ့၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှု ဆိုင်ရာ ဒုတိယကြည်းတပ်ဦးစီးချုပ်တို့က အစည်းအဝေးသဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။
အစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်နှင့် ကော်မတီဝင် မြန်မာ့တပ်မတော်မှအရာရှိကြီးများ၊ ရုရှားနိုင်ငံမှ ရုရှားတပ်မတော်ကြည်းတပ်ဖွဲ့၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ ဒုတိယကြည်းတပ်ဦးစီးချုပ် Colonel General Aleksandr Anatolyevich Matovnikov နှင့်ကော်မတီဝင် ရုရှား တပ်မတော်မှအရာရှိကြီးများတက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။