(ပြည်တွင်း) ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်က မူလတန်းကျောင်းဆရာမတစ်ဦးကို ဒီဇင်ဘာ ၆ ရက်နေ့က PDF အကြမ်းဖက်သမားတွေ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မလှိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်မှာနေထိုင်တဲ့ ကျင်းသာကျေးရွာအခြေခံပညာမူလတန်းကျောင်းက မူလတန်းပြဆရာမ ဒေါ်ခိုင်ဇံဝေ(၃၄)နှစ်ကို ဒီဇင်ဘာ ၆ ရက် ညနေ ၄ နာရီ ၁၀ မိနစ်က PDF တွေဖမ်းဆီးသွားခဲ့ကြတာလို့ သိရပါတယ်။
မူလတန်းပြဆရာမ ဒေါ်ခိုင်ဇံဝေဟာ ရပ်ကွက်အတွင်းမှာရှိတဲ့ “All Right” စားသောက်ဆိုင်မှာ မိတ်ဆွေဖြစ်သူ အမှတ်(၁)ရပ်ကွက်နေ ဦးကိုကိုအောင်(၅၁)နှစ်နဲ့အတူ ရှိနေစဉ် PDF အကြမ်းဖက်သမား လေးဦးခန့်က မော်တော်ယာဉ် တစ်စီးနဲ့ လာရောက်ဖမ်းဆီးသွားခဲ့ကြတာလို့ သိရပါတယ်။
#PAN