(မှုခင်း) ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်မှာရှိတဲ့ ချောင်းကူးတံတားတစ်ခုက သံချောင်းတွေကိုဖြုတ်ယူသူ အမျိုးသား နှစ်ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာက “လမုကိုင်း” ချောင်းကူးတံတားမှာခင်းထားတဲ့ အလျား ၁၃ ပေ၊ အနံ ၆ လက်မခန့်ရှိတဲ့ သံချောင်း လေးချောင်းကို အမှတ်(၉)ရပ်ကွက်နေ သိန်းဇော်မင်း(၄၅)နှစ်နဲ့ တစ်ရပ်ကွက်တည်းနေ မင်းမင်းဦး(၄၀)နှစ်တို့က ဖြုတ်ယူသွားခဲ့ကြတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက် ညနေ ၄ နာရီ ၄၀ မိနစ်က အဆိုပါကျေးရွာသားနှစ်ဦက ခိုးယူသွားခဲ့တာကြောင့် လိုက်လံဖမ်းဆီးခဲ့ရာ ရေဖြူကန်ကျေးရွာ၊ ချောင်းကမ်းဘေးမှာ ရပ်ထားတဲ့ စက်လှေပေါ်ကနေ ဖြုတ်ယူသွားတဲ့ သံချောင်းများနှင့်အတူ ခိုးယူသူတွေကို ဖမ်းဆီးရမိတာလို့လည်း သိရပါတယ်။
ဖမ်းဆီးရမိတဲ့ သိန်းဇော်မင်းနဲ့ မင်းမင်းဦးကို ကြိမ်ချောင်းကြီးနယ်မြေရဲစခန်း (ပ)၁၇/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
#PAN