(ပြည်တွင်း) ဒီဇင်ဘာ ၄
မဟာဇေယျအတုလမာရဇိန်ကြေးသွန်းဘုရားကြီး၏ (၁၁၁) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နိုဝင်ဘာလ ၂၇ ရက်မှစတင်ကာ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာတိုဖြင့် ဆင်ယင်ကျင်းပလျက်ရှိကြောင်း ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲထံမှ သိရပါတယ်။
နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာလ ၂ ရက်အထိ မဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဆင်ယင် ကျင်းပခဲ့ပြီး ဒီဇင်ဘာလ ၃ ရက်ညနေပိုင်းမှာ ဆွမ်းတော်ကြီးတင်ဆက်ကပ်လှူဒါန်းပွဲ၊ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းမှာ ဆရာတော်၊ သံဃာတော်များက ဘုရားကြီးအားအနေကဇာတင်တော်မူသွားကြမည်ဖြစ်ကြောင်း သိရပါတယ်။
ဒီဇင်ဘာလ ၄ ရက် (နတ်တော်လပြည့်နေ့)နေ့လယ် ၃ နာရီမှာ ဘုရားကြီးပရိဝုဏ်အတွင်း ဘုရားအမှူး ပြုတဲ့ ဆရာတော်၊ သံဃာတော် ၅၅ ပါးကို ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်သွားမည်ဖြစ်၍ လာရောက်လောင်း လှူနိုင်ကြောင်း ဘုရားကြီးဂေါပကအဖွဲက အသိပေးနှိးဆော်ထားပါတယ်။ အခုလိုလောင်းလှူပူဇော်ရာမှာ အလှူရှင်များအတွက်နေရာထိုင်ခင်းစီစဉ်ပေးနိုင်ရန် ဂေါပကအဖွဲထံသို ကြိုတင်အကြောင်းကြားပေးပါရန်လည်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲက မေတ္တာရပ်ခံထားပါတယ်။

Telegram»…
https://t.me/positiveanglenews