(ပြည်တွင်း) ဒီဇင်ဘာ ၄
“တရုတ်နိုင်ငံရှိ မြိုသုံးမြိုမှာ မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲစတင်ပေးနေ”
တရုတ်နိုင်ငံရှိ မြိုသုံးမြိုသို ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲ စတင်ပေးနေပြီ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သိရပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားများ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးခြင်းကို ချုံချင့်မြို၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှာ မဲရုံဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြူနီစီပယ်မြို၊ စီချွမ်းပြည်နယ်နှင့် ဟူပေပြည်နယ်များသို ရောက်ရှိနေကြတဲ့ မြန်မာ နိုင်ငံသားများအနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမှာ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြိုမှာ ဒီဇင်ဘာလ ၃ ရက်တွင် မဲရုံဖွင့်လှစ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ချုံချင့်မြို၊ စီချွမ်းပြည်နယ်၊ချန်ဒူးမြိုနှင့် ဟူပေပြည်နယ် ဝူဟန်မြိုတိုမှာ ရောက်ရှိနေကြတဲ့ မဲဆန္ဒရှင် မြန်မာနိုင်ငံသားများ လာရောက်၍ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရပါတယ်။ ကြိုတင်မဲဆန္ဒပေးခြင်းကို မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြိုမှာ ဒီဇင်ဘာလ ၃ ရက်နှင့် ၄ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။


Telegram»…
https://t.me/positiveanglenews