
(ပြည်တွင်း) နိုဝင်ဘာ ၂၆
အသက် ၂၀ အရွယ်လူငယ်တစ်ဦးဟာ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့ဆိုပြီး အင်းစိန်(ဗဟို)အကျဉ်းထောင် ဝင်/ထွက်ပေါက်ဂိတ်အနီးမှာ တကိုယ်တော်ဆန္ဒပြမှု တနင်္လာနေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကြီးပွားရေးရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ နှင်းထက်ထက်အောင်(၂၀)နှစ်ဟာ နိုဝင်ဘာ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်မှာ “နိုင်ရေးအကျဉ်းသားများအားလုံးလွှတ်ပေးပါ” စာသားရေးသားထားတဲ့ ပြက္ခဒိန်ကတ်ထူစာရွက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အလံကို အိတ်အတွင်းကထုတ်ကာ ပြသခဲ့တယ်လို့ သိရပါတယ်။
အခုလိုဆောင်ရွက်ခဲ့တာကြောင့် အင်းစိန်ကျဉ်းဦးစီးဌာနကတာဝန်ရှိသူတွေက လုံခြုံရေးအဖွဲ့တွေထံအကြောင်းကြားပြီး စစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။