ဒေသတွင်းတည်ငြိမ်လာတဲ့ လားရှိုးက လားရှိုးတက္ကသိုလ်ပြန်လည်ဖွင့်လှစ်

(ပြည်တွင်း) နိုဝင်ဘာ ၂၅

ဒေသတွင်းတည်ငြိမ်လာတာနဲ့အမျှ အစိုးရက အခြေခံပညာကျောင်းတွေကိုတိုးချဲ့ဖွင့်လှစ်နေတာတွေတွေ့မြင်နေရသလို တက္ကသိုလ်တစ်ချို့ကို ပြန်လည်ဖွင့်လှစ်နေတာလည်းတွေ့နေရပါတယ်။

၂၀၂၇ အကြမ်းဖက်မှုတွေကြောင့် ပိတ်ထားရတဲ့ လားရှိုးတက္ကသိုလ်ကို တပ်မတော်က လားရှိုူးမြို့ကိုပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် နိုဝင်ဘာ ၂၄ ရက်နေ့ တနင်္လာနေ့ကမနက်ပိုင်းက ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့က လားရှိုးတက္ကသိုလ်ပြန်လည်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အခမ်းအနားကို ပြုလုပ်ရာမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦးနဲ့ တာဝန်ရှိသူတွေ၊ ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးတွေ ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ ၊ ဆရာ/ဆရာမတွေ၊ ကျောင်းသား/ ကျောင်းသူတွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ကြတာတွေ့ရပါတယ်။ လက်ရှိမှာတော့ လားရှိုးတက္ကသိုလ်မှာ ကျောင်းသား၊ ကျောင်းသူတွေ စာပေသင်ကြားနေကြပြီဖြစ်တယ်လို့ သိရပါတယ်။

#PAN