(ပြည်တွင်း) နိုဝင်ဘာ ၂၄
ဒီမိုကရေစီအကျုးပြုကရင်တပ်မတော် DKBA ထိန်းချုပ်ထားတဲ့နယ်မြေအတွင်းက မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ မည်သူတစ်ဦးတစ်ယောက်ဖြစ်စေ သတ်မှတ်ထားတဲ့နယ်မြေအတွင်း နိုင်ငံခြားသားတွေ အထူးသဖြင့်ြတရုတ်နိုင်ငံသားတွေသယ်ဆောင်တာကို စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးအရေးယူသွားမယ်လို့ DKBA က ကြေညာပါတယ်။

အခုလိုကြေညာတာဟာ ဒီနေ့ နိုဝင်ဘာ ၂၄ ရက်နေ့က ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရဖြစ်တယ်လို့ သိရပါတယ်။
နယ်ခြားစောင့်တပ်နဲ့ တပ်မတော်လုံခြုံရေးတပ်ဖွဲ့တွေက အွန်လိုင်းငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေပြုလုပ်နေတဲ့ KK part ကို ဖြိုခွင်းဖျက်ဆီးနေသလို အွန်လိုင်းငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေနဲ့ ပါဝင်ပတ်သက်တယ်ဆိုပြီး ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ DKBA က ခေါင်းဆောင်တွေကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားပါတယ်။
သတင်းအရင်းအမြစ်တွေရဲ့ပြောဆိုချက်အရ နိုဝင်ဘာ ၂၁ ညနေပိုင်းက ၊မြဝတီ ၊ဖလူးကြီးကျေးရွာမှာရှိတဲ့ DKBA ရဲ့ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိတဲ့ စောသခွားသီး (ခ)ကျော်ကိုကိုမင်းရဲ့ တပည့်ဖြစ်သူဟာ စောသခွားသီး ရဲ့ ကျားဖြန့်ဆိုဒ်တစ်ခုအနီးမှာ KNU ရဲ့ Cobra စစ်ကြောင်း ဖြစ်တဲ့ တာဘောနဲ့ စောဝင်းမြင့် တို့ကွပ်ကဲမှုအောက်က PDF အဖွဲ့တွေသွားလာနေတဲ့ကားကို ပစ်ခတ်မှုခဲ့တယ်လို့သိရပြီး အဲဒီပစ်ခတ်မှုကြောင့် KNU / Cobra နဲ့ PDF တွေကစောသခွားသီးရဲ့ တရုတ်ကျားဖြန့်ဆိုက်ကိုဝင်ရောက်ပြီး သခွားသီးကွပ်ကဲမှုအောက် DKBA အဖွဲ့ဝင်တွေဆီကနေလက်နက်ခဲယမ်းတွေကို သိမ်းဆည်းသွားခဲ့တယ်လို့ သိရပါတယ်။
#PAN