ဥရောပကလပ်များသို့ ပြန်လည်ပြောင်းရွှေ့ဖို့မရှိကြောင်း ပြောခဲ့တဲ့ မက်ဆီ

(အားကစား) နိုဝင်ဘာ ၁၅

အင်တာမီယာမီအသင်း တိုက်စစ်မှူး မက်ဆီ က ဥရောပကလပ်အသင်းများသို့ ပြန်လည် ပြောင်းရွှေ့ကစားမှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ကြောင်း The Independent သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

မက်ဆီ ဟာ ဘာစီလိုနာအသင်းတွင် ၂၀၀၄ မှ ၂၀၂၁ ခုနှစ်ထိ ကာလရှည်ကစားခဲ့ပြီး ဘာစီလိုနာအသင်း နှင့်အတူ အောင်မြင်မှုများကို ရရှိခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကစားခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းနှင့် စာချုပ်ဖျက်သိမ်းကာ လမ်းခွဲခဲ့ပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် မေဂျာလိဂ်ကလပ်အသင်း တစ်သင်းဖြစ်တဲ့ အင်တာမီယာမီအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပါတယ်။

သို့သော် မက်ဆီ ကိုယ်တိုင်က ဥရောပကလပ်အသင်းများသို့ ပြန်လည်ပြောင်းရွှေ့ကစားမှာ မဟုတ်ကြောင်း အတည်ပြုခဲ့သလို ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာ ကိုယ်တိုင်ကလည်း မက်ဆီ အနေနဲ့ အသင်းသို့ ပြန်လည် ပြောင်းရွှေ့မှာမဟုတ်ကြောင်း အတည်ပြုခဲ့ကြောင်း သိရပါတယ်။

#PAN