မန္တလေးမှာ PP အောင်နိုင်ရေး ဆိုင်းဘုတ်တင်

(ပြည်တွင်း) နိုဝင်ဘာ ၁၆

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်၊ ကန်​ကောက်ရပ် ကွက်၊၂၆×မြို့ပတ်လမ်းထောင့်မှာ ပြည်သူ့ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၁၀ နာရီက စိုက်ထူးခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါဆိုင်းဘုတ်တွေကိုပြည်သူ့ပါတီက တိုင်းဥက္ကဌ ဦးပါပါလွင်၊ မဟာအောင်မြေခရိုင်၊အမျိုးသားလွတ်တော်ကိုယ်စားလှယ်‌လောင်း ဦးမောင်မောင်လတ်၊ ချမ်းအေးသာစံမြို့နယ်၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဇင်ဇင်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နော်ဝင်းပပဦး၊ တိုင်းအတွင်းရေးမှုး ဦးစောမင်းတို့သည် ပါတီဝင် ၉ဦးတက်ကောက်တယ်လို့လည်း သိရပါတယ်။

အဲဒီနေ့ မနက် ၁၀ နာရီခွဲအချိန်ကလည်း ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၀×၅၄ လမ်းထောင့်၊ ၂၆×၅၈ လမ်းထောင့်၊ ၃၀×၆၃ လမ်းထောင့်မှာ ဗီနိုင်းဆိုင်းဘုတ်တွေကို စိုက်ထူခဲ့ကြတယ်လို့ သိရပါတယ်။

#PAN