အမျိုးသားတစ်ဦး လည်ပင်းကိုဓားနဲ့ထိုးပြီး အဆုံးစီရင်မှု မိုင်းလားမှာဖြစ်ပွား

(ပြည်တွင်း) နိုဝင်ဘာ ၁၄

အမျိုးသားတစ်ဦးဟာ စားသောက်ဆိုင်တစ်ခုထဲ ဝင်လာပြီး စားသောက်ဆိုင်ကဓားတစ်ချောင်းကိုယူကာ လည်ပင်းကိုထိုးပြီး ကို့ကိုယ်ကို အဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဥ်ဟာ မိုင်းလားအဖွဲ့ NDAA ထိန်းချုပ်တဲ့ မိုင်းလားမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြုလုပ်သူဟာ တရုတ်အမျိုးသားတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်အတွင်း CCTV မှတ်တမ်းဟာ Online မှာပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာလုံးဟိုတယ် အနီးနားက ကျုံးကော်ချိန် B အောက်က ဆိုင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဂိမ်းရှုံးလို့ သူ့ကိုယ်သူ ဓားနဲ့ထိုးသွားတာလို့သိရပါတယ်။

မိုင်းလားအဖွဲ့ NDAA ဒေသမှာ ကာစီနိုလောင်းကစားဝိုင်းတွေအပြင် အပျော်အပါးခန်းတွေပါပေါများနေတာကိုသိပေမယ့် Online လောင်းကစားမှုတွေရှိမရှိကိုတော့ မသိရဘူးလို့ မိုင်းလကိုရောက်ဖူးသူတွေက ပြောပါတယ်။

#PAN