(မှုခင်း) နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အင်းလျက်ကျေးရွာအုပ်စု၊ ကျောက်ပုန်းကျေးရွာ၊ အမှတ်(၄)လမ်းမပေါ်မှာ ဒီနေ့ နိုဝင်ဘာ ၁၄ ရက် ည ၇ နာရီ ၄၃ မိနစ်အချိန်က ယာဥ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဌာနက သိရပါတယ်။

ယာဉ်တိုက်မှုအတွင်းယာဥ်တစ်စီးက ယာဥ်မောင်းတစ်ဦး ညပ်နေတာကြောင့် မှော်ဘီမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာကူညီခဲ့ရတယ်လို့လည်းသိရပါတယ်။
ခေါင်းခန်းအတွင်းညှပ်နေတဲ့ ယာဥ်မောင်းကို မီးသတ်တပ်ဖွဲ့တွေက ည ၇ နာရီ ၅၉ မိနစ်အချိန်မှာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာစိုးရိမ်ရ ရရှိထားတဲ့ ယာဉ်မောင်းကျား(၁)ဦးကို အင်းလျက်ကျေးရွာ သုခလူမှုကူညီရေးအသင်းက သူနာတင်ယာဉ်နဲ့ မှော်ဘီမြိုနယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးထားတယ်လို့ မီးသတ်ဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#PAN