ကူကူရယ်လာ ကို ခေါ်ယူပေးရန် အယ်လ်နာဆာအသင်းကို တောင်းဆိုထားတဲ့ စီရော်နယ်လ်ဒို

(အားကစား) နိုဝင်ဘာ ၁၁

အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို က ချဲလ်ဆီးအသင်းနောက်ခံလူ ကူကူရယ်လာ ကို ခေါ်ယူပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

အယ်လ်နာဆာအသင်းဟာ ယခုနှစ်မှာ ထိပ်တန်းကစားသမားတွေကို ထပ်မံခေါ်ယူအားဖြည့်ဖို့ စီစဉ်နေခြင်းဖြစ်ကာ ကူကူရယ်လာ ကို ခေါ်ယူဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ကူကူရယ်လာ အနေနဲ့ ချဲလ်ဆီးအသင်းကို ရောက်ရှိခါစက ရုန်းကန်ခဲ့ရသော်လည်း လက်ရှိမှာ အသင်းအတွက် အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့လို့ ချဲလ်ဆီးအသင်းက ရောင်းထုတ်ဖွယ်မရှိဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

သို့သော် အယ်လ်နာဆာအသင်းက မက်မောလောက်တဲ့ လစာနှုန်းထားနဲ့ ပြောင်းရွှေ့ကြေးပေးပြီး ကမ်းလှမ်းခဲ့ပါက ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။