(မှုခင်း) နိုဝင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် နိုဝင်ဘာ ၄ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန်ခန့်က ရိုက်နှက်မှုဖြစ်ပွား၍ လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အေးသာယာမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၂)၊ အကွက်ကြီး (၈၀)၊ အိမ်အမှတ်(၄၂) နေအိမ်ရှေ့လမ်းမပေါ် တွင် အိမ်နီးချင်း ဦးစိုင်းရွှေထီး နေအိမ်ရှိ မန်ကျည်းပင်ပေါ်မှ အိပ်တန်းဝင်နေသည့် ကြက်များအား လောတာ (ခ) စိုင်းထွန်းဆာ၊ ၅၂ နှစ်၊ (ဘ) ဦးအမ်းရွှေမိတ်၊ မွေးမြူရေး၊ အိမ်အမှတ်(၄၂/၈၁)၊ နယ်မြေ(၂)၊ ရပ်ကွက်(၁)၊ အေးသာယာမြို့ နေသူမှ ခိုးယူစဉ် ဦးစိုင်းရွှေထီးနှင့် သားဖြစ်သူ စိုင်းကျော်စိုးမိုး တို့မှ တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ သားဖနှစ်ဦး၏ ဝိုင်းဝန်းရိုက်နှက်ခဲ့မှုကြောင့် လောတာ(ခ)စိုင်းထွန်းဆာ မှာ ဝဲဘက် နဖူး သွေးထွက်ပေါက်ပြဲဒဏ်ရာ၊ ယာဘက် နဖူးပေါက်ပြဲဒဏ်ရာ၊ ဝဲခြေသလုံး ဖူးရောင် ညိုမဲဒဏ်ရာ၊ ယာဘက်တင်ပါး ဖူးရောင်ညိုမဲဒဏ်ရာများများဖြစ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူ လောတာ(ခ)စိုင်းထွန်းဆာအား ဝိုင်းဝန်းရိုက်နှက်ကြသူ စိုင်းရွှေထီး နှင့် ၎င်း၏ သားဖြစ်သူ စိုင်းကျော်စိုးမိုး တို့ ၂ ဦးအား သက်သေခံတုတ်များနှင့် အတူ ဖမ်းဆီး ထားရှိပြီးသက်ဆိုင်ရာတာဝန်ရှိသူများမှ ဥဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းရွှေထီးဆိုသူမှာ PPP ပါတီမှ တောင်ကြီးမြို့နယ် ပြည်နယ် PR ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ဝင်ရောက်ယှဉ်မည့်သူ ဖြစ်ကြောင်းလည်း သိရသည်။
#PAN