(ပြည်တွင်း) နိုဝင်ဘာ ၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ဟာ မန္တလေးမြို့က ယဉ်ကျေးမှုအမွေအနှစ်နေရာတွေနဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွေကို လာရောက်လေ့လာတယ်လို့ သိရပါတယ်။

ဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ဟာ နိုဝင်ဘာ၂ ရက်နေ့မနက်ပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ မန္တလေးမြို့က ယဉ်ကျေးမှုအမွေအနှစ်နေရာတွေဖြစ်တဲ့ မြနန်းစံကျော်ရွှေနန်းတော် ကုသိုလ်တော်ဘုရား၊ ရွှေနန်းတော်ဘုန်းကြီးကျောင်းကိုသွားရောက်လေ့လာ ဖူးမျှော်တယ်လို့ သိရပါတယ်။
ဒေသအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ အဲ့ဒီနေ့မှာပဲ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့လည်းတွေ့ဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ပုဂံညောင်ဦးလေဆိပ်ကို တပ်မတော်လေယာဉ်နဲ့ ဆက်လက်ထွက်ခွာခဲ့ ကြပြီးခဲ့ကြတယ်လို့ သိရပါတယ်။
ပုဂံလေဆိပ်ကိုရောက်ရှိနေလာတဲ့ ဒေသအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံနဲ့အဖွဲ့က ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီနောက် ပုဂံမြို့ဟောင်းရှိ ပုဂံရှေးဟောင်းသုတေသနပြတိုက်၊ ပုဂံမြို့ဟောင်းရှိ ရွှေစည်းခုံ စေတီတော်ကြီး၊ အာနန္ဒာဘုရားကြီးရဲ့အနုလက်ရာတွေနဲ့ ထီးလိုမင်းလို ဘုရားတွေကို စိတ်ဝင်တစားသွား ရောက်လေ့လာကြခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး နန်းမြင့်မျှော်စင်မှာ ပုဂံဒေသနေဝင်စည်းဆာအလှကိုကြည့်ရှု့ကာမှတ်တမ်းဓာတ်ပုံတွေရိုက်ခဲ့ကြပြီး ပုဂံမြို့သစ်မှာရှိတဲ့ ဦးဘငြိမ်း ယွန်းထည်လုပ်ငန်းနဲ့ ယွန်းအရောင်းဆိုင်ရှိ မြန်မာ့ရိုးရာယွန်းလက်မှု့ပစ္စည်းတွေကို ကြည့်ရှု့လေ့လာခဲ့ကြတယ်လို့လည်း သိရပါတယ်။
PAN