(ပြည်တွင်း) အောက်တိုဘာ ၂၀

ပိုမိုကောင်းမွန်တဲ့အနာဂတ်ကိုတည်ဆောက်ဖို့အတွက် ကျွန်တော်တိုအားလုံးမှာ တာဝန်ရှိတယ်။ ဒါဟာကျွန်တော်တို့အားလုံးရဲ့ သမိုင်းပေးတာဝန်လို့ ကျွန်တော်တို့အစဉ်ထာဝရ အလေးအနက်ခံယူထားပါတယ်လို့ ပြည်ခိုင်ဖြိုးပါတီခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
ပြည်ခိုင်ဖြိုးတီဥက္ကဋ္ဌဦးခင်ရီဟာ သူဖြတ်သန်းလာခဲ့တဲ့သမိုင်းအတွေ့အကြုံတွေ၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်တာတွေ၊ ပါတီရဲ့ ရည်မှန်းချက်တွေနဲ့ဆောင်ရွက်ချက်တွေ၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် လူမှုအဖွဲ့အစည်းတွေ သူ့ရဲ့ခရီးစဉ်တွေကို လူမှုကွန်ယက်အသုံးပြု ပြောကြားနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က နားထောင်ကောင်းယုံသက်သက် ဆောင်ပုဒ်တွေလိုအလွတ်ရွတ်ဖတ်နေရမယ့်အစား တကယ့်ကိုအရွေ့ရှိတဲ့ရလာဒ်ကောင်းတွေ ပေါ်ထွက်လာတာနဲ့အတူ ဒီရလာဒ်တွေကို အချိန်ကန့်သတ်ချက်၊ Time Frame သတ်မှတ်ချက်တွေနဲ့ သတ်မှတ်ပြီး သက်သေပြနိုင်ဖို့ အဆင်သင့်ရှိနေပြီလို့ သူ့ပြောဆိုခဲ့တာလည်း ရှိခဲ့ပါတယ်။
ပြည်ခိုင်ဖြိုးပါတီဟာ နိုင်ငံရေးပါတီတွေထဲမှာ အကြီးဆုံးနဲ့အင်အားအများဆုံးပါတီဖြစ်သလို နိုင်ငံရေးအပြောင်းအလဲတွေဖြစ်ပွားပြီးနောက်ပိုင်းမှာလည်း ပါတီဝင်အများစု သတ်ဖြတ်ခံထားရတဲ့ ပါတီတစ်ခုလည်း ဖြစ်ပါတယ်။
မကြာခင်ပြုလုပ်တော့မယ့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့သိရပြီး ကိုယ်စားလှယ်လောင်း ၁၀၁၈ ဦးရှိတယ်လို့ သိရပါတယ်။