နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူညီချက်ကိုသာ လိုက်နာတော့မည်ဟု အီရန်ပြော

(နိုင်ငံတကာ) အောက်တိုဘာ ၁၉

အီရန်နိုင်ငံအနေဖြင့် အောက်တိုဘာလ ၁၈ ရက်နောက်ပိုင်းမှစ၍ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူညီချက်ကိုသာ လိုက်နာတော့မည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်အာ ရက်ချီ က ပြောသည်။

၂၀၁၅ ခုနှစ်တွင် ရရှိခဲ့သည့် အီရန်နျူကလီးယားသဘောတူညီချက်ကို ထောက်ခံထားသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၂၃၁ သည် အောက်တိုဘာလ ၁၈ ရက်တွင် သက်တမ်းကုန်ဆုံးသည့်အတွက် ထိုသဘောတူညီချက်ပါ ကန့်သတ်ချက်များသည်လည်း ပျက်ပြယ်သွားပြီဖြစ်သည်လည်း ၎င်းမှပြောဆိုခဲ့သည်။

ထို့ကြောင့် အီရန်၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ထားခြင်းမရှိသည့် နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူညီချက်ကိုသာ လိုက်နာသွားတော့မည်ဖြစ်ကြောင်း အာဘတ် အာရက်ချီ ကပြောထားသည်။

#PAN